Part--31

702 22 1
                                    

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--31}
**************💘************

အောက်ထပ် အိပ်ခန်းဆီ ဝင်လှဲရင်း ရစ်တစ်ယောက် မပျော်နိုင်

ဒီညကစပြီး ဒက်ဒီ နဲ့ ခွဲအိပ်ရတော့မယ်ဆိုပြီး လူက
နေရတာအဆင်မပြေ

သားဘယ်လို အိပ်ရမှာလဲ ဒက်ဒီရ

သားတစ်ယောက်တည်း အိပ်ရတော့မယ်

ဒက်ဒီကို ဖက်မအိပ်ရတော့ဘူး အီး ဟီး ဟီး

စိတ်မချလို့ နောက်မှ လိုက်လာသည့် ဂုဏ်က ကလေးငိုသံကို ကြားပြီး အခန်းရှေ့တင် ရပ်တန့်နေမိလျက်

ဂုဏ်ဝင်သွားလျှင် ရှက်ရမ်းရမ်းပြီး ရန်ထောင်မှာသိနေ၍လည်း ပါသည်

ခုတော့ လွတ်လပ်စွာ ငိုပါစေတော့ဟု သဘောပိုက်
ကာ အသံတိတ်ပဲ စောင့်ကြည့်နေမိပါ၏

ရစ်ကတော့ ထိုအဖြစ်ကို မသိ

တသိမ့်သိမ့်ငိုလို့ကောင်းဆဲ

" အဟင့်...ဒက်ဒီ "

ငိုရှိုက်ရင်း အိပ်ပျော်သွားရှာသည့် ရစ် အနားမှာ
ဂုဏ် စောင့်ပေးနေရင်း မိုးလင်းထိ အိပ်ပျော်သွားဖို့
ကိုတော့ ဂုဏ် ဖန်တီးမိလျက်

*****

" သားလေး "

" သားရေ...ဒက်ဒီကလေးလေးရေ "

" သားလေး...နေဖင်ထိုးနေပြီ ! အိပ်ပုတ်လေးရေ"

နားထဲမှာ ကြားနေရသည့် ဒက်ဒီအသံက ဝိုးတဝါး

ဒက်ဒီ ဘယ်ကခေါ်နေတာလဲ

" ဒက်ဒီ "

" ထတော့...သားလေး "

" အင့်...ဒက်ဒီ "

ရစ် အသေအချာ နိူးမှ ‌အကဲခတ်မိတော့ ညက အိပ်ခဲ့သည့် အခန်းမှာပဲဖြစ်ပြီး နောက်တစ်နေ့မိုးတောင်လင်းနေပြီ

ဒက်ဒီကိုကြည့်တော့လည်း ရေချိုးပြီးသစ်လွင်လန်းဆန်းနေသည့် အနေအထား

" ဒက်ဒီ...သား ညက ဒီမှာပဲအိပ်ပျော်သွားတာပဲ "

" သားအရမ်း အိပ်ပျော်နေတာနဲ့ ဒက်ဒီမနှိုးတော့ဘဲ
  ဒီမှာပဲ သိပ်လိုက်တာ ! ညက သားရဲ့ ဦးရှက သား
  ကို တစ်ညလုံးစောင့်ပေးနေတာလေ !
  ဒီမနက်မှ ပြန်သွားတာ "

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘Where stories live. Discover now