Part--16

1.1K 18 2
                                    

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--16}
**************💘************

" ရေးးးးးးးးး မိုက်တယ်ကွ !
  စိုင်းရေ...လာ လာ ဒီမှာ စတော်ဘယ်ရီတွေ လာခူး
  ဟား ဟား အားး ချိုနေရောပဲ "

" ဟေ့...ရစ်လေး နဲ့ စိုင်း !
  မင်းတို့ အရမ်းသောင်းကျန်းမနေနဲ့ဟ !
  ခြံပိုင်ရှင်က လာရိုက်မှ ပြေးပေါက်မှားနေမယ် "

" ကိုမင်းကလည်း...ဦးဥက္ကာက အဲ့လောက်လည်း
  သဘောမဆိုးပါဘူး ဗျ "

" အမယ် "

ဒီလူ အတော်ဆိုးတာ မင်းတို့မှ မသိဘဲ ဟု စိတ်ထဲ
ကပဲ ရေရွတ်ရင်း ပူထူနေသည့် နှုတ်ခမ်းတွေဆီ လက်ကအလိုလို ရောက်သွားတော့

ရှက်စိတ်ဖြင့် ပူစပ်ပူလောင်ဖြစ်လာလိုက်တာ

အားးးးးနေရခက်လိုက်တာ

သူ့ကို ကိုကို မခေါ်လို့ အပြစ်ပေးတာဆိုပြီး ကံ့ကော်ပင်ကြီးကိုကွယ်လို့ အနမ်းခံခဲ့ရတာ ဘယ်နှစ်မိနှစ်များရှိသေးလို့တုန်း

အတော်ဆိုးတဲ့ မာဖီးယားကြီး

ခင်ဗျားကြီးတော့ တွေ့ဦးမယ်

" ကိုမင်း...ကိုမင်း "

" အမ်...ဟမ် ဘာလဲ "

" မတ်တပ်ကြီး မေ့နေတာလားလို့ !
  ဒါနဲ့ ကိုမင်း နှုတ်ခမ်းက ဘာဖြစ် ...."

" အမ်...ဘာ ဘာမှမဖြစ်ပါဘူး ! ဟိုလေ ခုနက
  ပုရွက်ဆိတ်ကိုက်သွားတာ အင်း ဟုတ်တယ် "

" ဪ...ပုရွက်ဆိတ်ကိုက်သွားတာလား !
  အတော်ဆိုးတဲ့ ပုရွက်ဆိတ်ပဲနော် "

" အင်းးး ဆိုးတယ် အရမ်း ! ငါ...ဟိုဘက် နေကြာခင်းတွေဆီ ဓာတ်ပုံသွားရိုက်လိုက်ဦးမယ် "

" အယ်...ကိုမင်း "

" ဟား ဟား ဟား ! စိုင်းရာ မင်းကသွားစတာကိုး "

တကယ်တော့ ကိုမင်းကို ဦးဥက္ကာက ကံ့ကော်ပင်ကြီးကွယ်ပြီး နမ်းနေတာ စိုင်းရော ရစ်ပါ မြင်ခဲ့ရပြီး
ပြီမို့ တမင်စနောက်နေတာပင်။

" သားလေး "

" ဟင် "

နှစ်ယောက်သား ရယ်နေကြတုန်း ဒက်ဒီရောက်လာ
တာမို့ အရယ်တွေရပ်တန့်လျက်

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘Where stories live. Discover now