Part--30

622 20 0
                                    

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--30}
**************💘************

" ငရစ်...ငရစ်ရေ "

ဦး နှင့် အတူ ဦးကုမ္ပဏီမှ ပြန်လာပြီး မိမိအိမ်တောင် မရောက်လိုက်ဘဲ ဇွဲရန် ဖုန်းဆက်ခေါ်လို့
ကော်ဖီဆိုင် ပြန်သွားလိုက်ရသည်။

Anniversary ပွဲအတွက် ဆိုင်ကို အချိန်ပိုင်းနှင့် ငှားချင်တာမို့ ပိုင်ရှင်နဲ့ပဲ စကားပြောမယ်ဆို၍ လှမ်းခေါ်တာတဲ့လေ

ရစ်ကို ခေါ်ရင် မရလို့လားဟလို့ အော်မိတော့

ရစ်ကိုယ်တိုင်က တမင် စိုင်းကို ခေါ်ခိုင်းတာပါဟု
ဇွဲရန်ပြောလာသည့်အခါ

အကြံဆိုးနှင့်ရစ်ကို စိုင်း ထုပစ်ချင်တာ အဲ့အချိန်ကတည်းက

ငရစ်စုတ်က ဒီဘက်မှဆိုင်ငှားသည့်ကိစ္စပြီးတာနဲ့ စိုင်း သူ့ဆီရောက်လာမယ်မှန်းသိ၍ Sky Fashion
မှ စောစောစီးစီး ပြန်သွားတယ်မဟုတ်လား

ဒါကြောင့် အိမ်ထိလိုက်လာပြီး မကျေပွဲနွှဲရန် ခေါ်နေရခြင်းပင်

" ငရစ်စုတ်...ငါလာပြီ ! မင်းက အဲ့မှာ ငြိမ့်နေတယ်
  ပေါ့ ...တွေ့ကြသေးတာပေါ့ ငရစ်ရာ "

အပေါ်ထပ်ဝရန်တာမှ ခြံထဲလှမ်းကြည့်မိစဉ် ခြံအလုပ်သမားတွေကို ဘာတွေခိုင်းနေမှန်းမသိ လက်ညှိုးတစ်ထိုးထိုးနှင့် ရစ်ပါလေ

" ဖောင်းးးးးး ငရစ်စုတ် "

" အားးး စိုင်းး မင်း "

" ဟာ...ဦးးး "

လက်ပြင်ဆီ ဖောင်းခနဲ ချလိုက်စဉ် အသံနှင့်အတူ လှည့်လာသူ၏ မျက်နှာကြောင့် စိုင်း လိပ်ပြာလွင့်မတတ်ပါဘဲ

ဦး ဦးက ဘယ်လိုဖြစ်ပြီး

ဦး ပုံစံလေးကို ကြည့်ပြီး

စိုင်း ကြက်သေသေနေမိတယ်ဆို အမှန်

ကွာတားဘောင်းဘီ သျှားရင့်ရောင်နှင့် တီရှပ်အဖြူကို ဝတ်ထားသည့်ပုံစံက

ပထမဦးဆုံးမြင်ဖူးခြင်း ဖြစ်သလို လူငယ်တစ်ယောက်လို ချောမောနေမှုကြီးကိုလည်း ငေးမဝခဲ့

" ငေးလို့ဝပြီလား "

" အမ်...ဝပြီ အဲ မဟုတ် "

" ရူးကြောင်ကြောင်နဲ့...မင်းတို့ အဲ့ သစ်ခွစင်တွေကို
  သေချာ ပြင်စရာရှိတာပြင် ! နှင်းဆီအိုးတွေကို
  နည်းနည်း အမြင်လှအောင် ရွှေ့ထားလိုက် ကြ "

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘Where stories live. Discover now