Part--2

1.3K 27 0
                                    

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘{Part--2}
*************💘**************

မဟာဂုဏ် ဆေးရုံ၏ ခွဲစိတ်အထူးကုပါရဂူ ရုံးခန်းထဲတွင်...

ဂုဏ် တစ်ယောက် သူခွဲစိတ်ရမည့် လူနာမှတ်တမ်းတချို့ကို ဖတ်နေခဲ့သည်။

ထိုစဉ်.....

" ဒေါက်တာ ခင်ဗျ ! ဝင်ခွင့်ပြုပါ "

" အင်း ဝင်ခဲ့ "

ပြတ်သားအေးစက်လွန်းသည့် အသံက ဒေါက်တာရဲခေါင်ကို အနည်းငယ်တော့ တုန်လှုပ်သွားစေခဲ့တယ်။

အခန်းထဲရောက်တော့ ဆုံလယ်ကုလားထိုင်တွင်
ထိုင်ပြီး အေးအေးလူလူ လူနာမှတ်တမ်းတွေကို ဖတ်နေပုံက စကားပဲပြောရမလား

သူ ပြောလာတဲ့ အထိစောင့်ရမလား

ဗျာများရပြီလေ

" ကိစ္စရှိလို့ရောက်လာပြီးရင်...,ပြောလေ !
  အဲ့လို ရပ်နေလို့ ပြီးသွားမှာလား "

အသံနှင့်အတူ အေးစက်စက်အကြည့်ကပါ မိမိထံဝေ့ဝဲလာသည့်အခါ...

" အဲ့ အဲ့လိုမဟုတ်ပါဘူး !
  ကျွန်တော့်နာမည်က ရဲခေါင်ပါ ဒေါက်တာကို
  ကူညီပေးရမယ့် တစ်ယောက်ပါ !
  ဒေါက်တာက ...,....,

" အင်းး ငါ့ နာမည် ဂုဏ်ရှိန်ပြင်းရှ !
  လိုအပ်တာတွေကို ဆေးရုံအုပ်က သေချာပြောခဲ့
  တယ် မဟုတ်လား !
  နောက်တစ်ယောက်ကော မလာသေးဘူးလား "

" သူ လာနေပါပြီ ဒေါက်တာ "

" အင်း "

အခန်းထဲတွင် ခေတ္တခဏတော့ အေးစက်စက် အငွေ့အသက်က ပြန်လွှမ်းခြုံသွားပြန်တယ်။

ရဲခေါင်မှာသာ ဇောချွေးပျံနေတာ

ဆေးရုံအုပ်က သေချာမှာလိုက်ပြီးသား

ဒါပေမယ့် လက်တွေ့ဆက်ဆံမှ ပို အနေကျုံ့သလို ခံစားရတာ

" ဒေါက် ဒေါက် "

" ဝင်ခဲ့ "

" ကျွန်တော် ရောက်ပါပြီ ဒေါက်တာ "

" အင်း ... ထပ်ပြောဖို့ လိုအပ်တာရှိသေးလား "

" မရှိပါဘူး ဒေါက်တာ "

" ဒါနဲ့...မင်း နာမည် "

" ကျွန်တော့် နာမည် ... ဟန်ထူးကို ပါ "

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘Where stories live. Discover now