part (24)

2.8K 92 5
                                    

မောင် ဟု ခေါ်ဆိုအပ်သော(BL)
အပိုင်း(၂၄)
အခုတော့ သွင်က ကောင်းကောင်း နေကောင်း ကျန်းမာ လာ‌ေနပါပြီ။ကျတော် တောင် သွင်တို့ ဆရာတပည့်နှင့်အတူ ခြံတွေထဲကို သွားကြတိုင်း လိုက်လိုက်သွားဖြစ်နေပြီ။

ခြံထဲက ခြံလုပ်သားဟင်းတွေကိုလည်း မြိန်မြိန်ကြီး စားတတ်နေပါပြီ။ကျတော်က အစကတည်းက အဲဒီလို စိုစိုဖတ်ဖတ်၊အသီးအရွက်လေးတွေ၊ငရုတ်သီးစပ်စပ် ရာသီစာ မျှစ်၊အတို့အမြှုပ်၊အသုပ်တွေကို ကြိုက်တတ်သူဆိုတော့ ပထမဦးဆုံး စပြီး စားကတည်းက စားတတ်နေတာဖြစ်သည်။

ခြံထဲက အကိုတွေ၊အန်တီတွေကတောင်

"ဟယ် ဒီကလေးက အကိုသွင် ငယ်ငယ်တုန်းကလိုပါပဲလား?လူပုံလေး ကြည့်တော့ ဖြူဖတ်ဖတ်လေးနှင့် ဒီလို ထမင်း၊ဟင်းတွေ စားနိုင်တယ်တော်"

လို့ ပင် ပြောယူရလေသည်။
အမှန်က သူတို့ထက်စာရင် အများကြီးဖြူနုနေလို့သာ ပြောကြတာရယ်။ကျတော်က ဖြူနွဲ့နွဲ့ ပုံစံမျိုးတော့ မဟုတ်ပေ။

ဒီလိုနှင့် ည နေ ခြောက်နာရီလောက်မှ အိမ်ကို ပြန်ရောက်ကြသည်။
သွင်နှင့်အတူ ညစာ ပြင်နေကြချိန်၌ ဖုန်းမြည်သံကို ကြားလိုက်ရလေသည်။

ဖျတ်ကနဲပင် ရန်ကုန်က မေမေ့ကို ပြေးပြီး တွေးမိတာပင်။ခါတိုင်း ကျောင်းတင်နေတုန်းကဆို အချိနိတိုင်း မဟုတ်ရင်တောင် တနေ့ နှစ်ကြိမ်လောက်တော့ အမေ့ဆီဖုန်းခေါ်ဖြစ်သည်။

သွင့်ဆီကို ရောက်နေတော့ ကျတော့်ဖုန်းကလည်း လိုင်းမမိ၊သွင့်ရဲ့ အိမ်ဖုန်းနဲ့ ကျတော့လည်း မေမေ့ကို မ‌ခေါ်ရဲသေး။

အခုလာသည့် ဖုန်းက မေမေ့ဆီက ဖုန်းပဲ ဆိုကြပါစို့၊ ကျတော် မေမေ့ကို ဘယ်လို ပြောရမလဲ?
လို့ တွေးပြီး ကြောက်လည်းကြောက်၊
စိတ်လည်း လှုပ်ရှားရလေသည်။
အချိန်အကြာကြီးလည်း ဖုံးကွယ် လို့ မထားချင်တော့ပေ။
ကြားထဲက သွင့်ကို အားနာရသည်။

ဘာပဲဖြစ်ဖြစ် ကျတော့်ဆီက ဖုန်းမလာရင် သွင့်ကိုသာပဲ မေမေ လှမ်းမေးပေလိမ့်မည်။ထိုသို့ မေးလာခဲ့လျှင် မလိမ်တတ်၊မညာတတ်နှင့် ခပ်ရိုးရိုးကြီး သွင်က အူအူအအ အ လုပ်နေတာနှင့် မေမေက တန်းပြီး ရိပ်မိပေမည်။

မောင် ဟု ခေါ်ဆိုအပ်သော(Complete)Where stories live. Discover now