part (02)

8.9K 248 4
                                    

မောင် ဟု ခေါ်ဆိုအပ်သော(BL)
အပိုင်း(၂)
ဖြူတို့ အိမ်က ပြန်လာပြီးကတည်းက ရင်ထဲမှာ ကာလရှည်ကြာ သိုဝှက်ထားသည့် ဒဏ်ရာ တချို့က ပြန်ပေါ်လာလေသည်။

ဘဲဥပုံ မှန်ကြီး၏ ရှေ့၌ ရပ်ကာ အဝတ်အစားတွေကို ချွတ်ပစ်လိုက်ပြီး ခြေပစ်၊လက်ပစ်နှင့် ထိုင်နေလိုက်မိသည်။

"အကိုသွင် နံနက်စာ စားလို့ ရပါပြီခင်ဗျ"

အိမ်မှာ ခေါ်ထားသည့် အိမ်အကူ ကိုထူးက အောက်ကနေ လှမ်းအော် လိုက်မှ အိမ်မှာ ဝတ်လို့ရသည့် ပေါ့ပေါ့ပါးပါး အဝတ်အစား တချို့ကို ယူပြီး လဲဝတ်လိုက်သည်။

ကြာခဲ့ပြီပဲ
အရမ်းကြာခဲ့တာတောင် အခုထိ မမေ့နိုင်သေးဘူးလား? ။
မမေ့နိုင်တာထက် မြင်ခဲ့ရသော ဂျိတ်ဘီမင်းမြတ်ကြောင့် တဖန်ပြန်လည်ကာ ရှင်သန်နိုးထလာတာ ပင်ဖြစ်မည်။

ဂျိတ်ဘီမင်းမြတ်
ဂျိတ်ဘီမင်းမြတ်
ဘာဖြစ်လို့များ ဖြူနဲ့ နည်းနည်းမှ မတူဘဲနှင့် အကိုမင်းမြတ်နဲ့ တပုံစံတည်း တူနေရတာပါလိမ့် ။

ဟူး

လှေကား အတိုင်း အောက်ထပ်ကို ဆင်းလာရင်းကနေ သက်ပြင်းချလိုက်မိသည်။

"စိတ်ချပါ သွင်ရဲ့ အကိုက သွင့်ကို တဘဝလုံးစာ အချစ်တွေ အကုန်ပုံအပ်ထားခဲ့ပြီးသား"

အား...... ရုတ်တရက်ဆိုသလို မင်းဆက်သွင် မှာ ရင်ဘတ်ထဲကအောင့်လာကာ အသက်ရှုလည်း ကြပ်လာသည်။ခေါင်းထဲကလည်း စိတ်တွေ ရှုပ်ကာ မူးနောက်လာလေသည်။

ရင်ဘတ်ကို ဖိကာ အသက်ကို မှန်မှန်ရှူသွင်း၊ရှူထုတ် လုပ်နေရလေသည်။

တော်ပါတော့ အကိုရယ်။
တော်လိုက်ပါတော့။
တဘဝလုံးစာ လုံလောက်အောင် ခံစားခဲ့ရပြီးပြီပဲ။အခု ရင်ဘတ်ထဲကနေ ရော၊မှတ်ဉာဏ်တွေထဲကနေရော ထွက်သွားပေးပါ့လား ဗျာ။

မင်းဆက်သွင် တလှမ်းချင်း၊တလှမ်းချင်း လှမ်းကာ ဆင်းလာရလေသည်။

"အကိုသွင် ၊အကိုသွင် စားချင်တယ်ဆိုလို့ ကောက်ညှင်းပဲပေါင်းလေး ပေါင်းထားတယ်နော်"

"အေး၊အေး မင်းရော တခါတည်း အတူစားသွားလေ "

"ကျတော်က စားပြီးပြီ အကိုသွင် ဒီနေ့  ဈေးသွားရအုံးမှာမို့  အကို စားပြီးရင် ပန်းကန်တွေ အုပ်ထားလိုက်နော်။
ကျတော် ပြန်လာမှ သိမ်းလိုက်မယ်"

မောင် ဟု ခေါ်ဆိုအပ်သော(Complete)Where stories live. Discover now