part (08)

3.7K 149 0
                                    

အပိုင်း(၈)
မြင်းစီးကွင်းထဲမှာ အတော်အတန်ကြာအောင် မြင်းပြိုင်စီးကြရင်း ဦးက ကျတော့်ကို အံ့ဩနေဟန်ရှိသည်။

"မြင်းစီးသင်ခဲ့တာလား ဂျိတ်"

ဦးရဲ့ သိလိုစိတ်ပြင်းပြနေသည့် မျက်နှာလေးကိုကြည့်ကာ ကျတော်သဘောကျမိသည်။

"ကျတော်က မြင်းလည်းစီးတတ်တယ်၊ကားလည်းမောင်းတတ်တယ်၊ဆိုင်ကယ်လည်း ရတယ်"

လို့ ဝံ့ဝံ့ကြွားကြွား လေး ပြန်ဖြေလိုက်မိသည်။
အခုမှပင် ဦးက လှစ်ကနဲ ပြုံးသွားလေသည်။

"ဖြူက အဲ့ဒီလိုတွေ သင်ခိုင်းလိမ့်မယ်လို့ မထင်ခဲ့မိဘူး"

"အမေမသိအောင် သင်ရတာပေါ့ ဗျ။
တခါတလေကျတော့ တဦးတည်းသော သားဖြစ်ရတာ မကောင်းဘူး။
အမေတွေက အဆုံးရှုံးမခံနိုင်တာနဲ့ အိမ်ထဲမှာပဲ သိမ်းထားချင်ကြတာ"

မြက်ခင်းစိမ်းစိမ်းလေးတွေရယ်၊
မြင်းစီးကွင်း၏ဘေးက သစ်ပင်ကြီးကြီး စိမ်းစိမ်းစိုစိုတွေရယ်၊
ပြီးတော့ ပြုံးသွားတဲ့ ဦးရဲ့မျက်နှာရယ်။
အလို ဒီနေရာက သာယာလိုက်တာ။

ဦးက မြင်းကို မြင်းစီးကွင်းကိုဖြတ်ပြီး လိမ္မောခြံတွေဘက်ကို ရောက်အောင် စီးသွားလေသည်။
ကျတော်လည်း ဦးရဲ့ နောက်ကနေ လိုက်ပြီးသွားသည်။

လိမ္မော်ခြံစပ်ကို ရောက်တဲ့အခါ ဦးကမြင်းပေါ်ကနေ ဆင်းသွားသည်။
ကျတော်လည်း ကျတော့်မြင်းပေါ်ကနေ ဆင်းကာ ဦးနောက်ကို လိုက်လျှောက်သွားလိုက်သည်။

"ခြံကို မရောက်တာတောင် အတော်ကြာနေပြီ"

"ဒါလည်း ဦးရဲ့ ခြံပဲလား"?

"ဟုတ်တယ် မိဘ အမွေအနှစ်တွေပေါ့"

စကားတပြောပြောနှင့် ခပ်ကြီးကြီး အခွံခပ်ပွပွ လိမ္မော်သီးတလုံးကို လှမ်းဆွတ်လိုက်ပြီး ကျတော့်ထံသို့ ပစ်ပေးလိုက်လေသည်။

ဦးလှမ်းပစ်ပေးလိုက်သည့် လိမ္မောသီးကို ဖမ်းယူလိုက်ရင်း

"မိုက်တယ်နော် သွင်က အဲလေ မှားလို့ ဦးက လိမ်ေမာ်ခြံ၊ရော၊ကော်ဖီခြံရော၊လက်ဖက်ခြံရော အားလုံး ရှိနေတာပဲ"

မောင် ဟု ခေါ်ဆိုအပ်သော(Complete)Where stories live. Discover now