part(05)

4.9K 173 0
                                    

အပိုင်း(၅)
"ကျတော် တလှည့် မောင်းပေးရမလားဟင် ဦး"

ဂျိတ်ဘီမင်းမြတ်၏ စကားကြောင့် တချက်လှည့်ကြည့်လိုက်မိသည်။နူပျို လတ်ဆတ်နေသည့် လူငယ်လေး၏ ဝင်းဝါနုပျိုသော မျက်နှာနုနုလေးနှင့် ပျိုမြစ်တက်ကြွသော မျက်ဝန်းအကြည့်တွေကြောင့် တုန်လှုပ်ရသည်။

သတိရလိုက်တာ အကိုမင်းမြတ်ရယ်.....

"ရပါတယ် ဦးကရန်ကုန်နှင့် မေမြို့၊မေမြို့နဲ့ မန္တလေး ကူးနေကျပါ"

"မန္တလေးမှာလည်း နေသေးတယ်ပေါ့"

"အင်း အရင်ကတည်းက နေခဲ့တာလေ
၊ကျောင်းလာတက်တော့ ရန်ကုန်မှာ လာတက်တာ၊မေမြို့ကတော့ အစကတည်းက ခြံလုပ်လာတာ၊မန္တလေးကတော့ ဇာတိချက်ကြွေ မွေးရပ်မြေပေါ့"

"ဪ ဦးက မန္တလေးသားကြီးပေါ့နော်"

"အွန်း "

မင်းကိုကြည့်ရတာ သက်တောင့်သက်သာ ရှိလိုက်တာ ဂျိတ်ဘီမင်းမြတ်ရယ်လို့ မင်းဆက်သွင်တွေးနေသည်။
ထိုင်ခုံမှာ ထိုင်နေပုံကိုက သက်တောင့်၊သက်သာ ပုံစံပေါက်သည်။

ဂျိတ်ကိုကြည့်ပြီး ကိုယ့် လူပျိုပေါက် ဘဝကို ကိုယ်ပြန်တွေးမိသည်။ကိုယ်တွေတုန်းကတော့ ယောက်ျားလေး အချင်းချင်း သဘောကျတာတွေက အခုလောက် ပေါ်ပေါ်ထင်ထင် ချမပြရဲခဲ့တဲ့ ကာလတွေပဲ။

တကယ်လို့သာ အခုခေတ်လောက်ပဲ ပွင့်လင်းလာရင်ဖြင့် အကိုမင်းမြတ်ဟာ ကျတော့်ကို ငြင်းပယ်နေအုံးမှာလား?
ဆိုတာကိုလည်း သိချင်လှသည်။

"ဗိုက်ဆာလိုက်တာ ။တနေရာရာမှာ နားပြီး တခုခု စားရအောင်လေ ဦး"

ပွင့်ပွင့်လင်းလင်း ရှိလှသော ဂျိတ်ဘီမင်းမြတ်ကြောင့် ပြုံးဖြစ်သည်။ကားကို အရိပ်ကောင်းသည့် နေရာတနေရှာပြီး ရပ်လိုက်သည်။

ကားပေါ်က ဆင်းကာ အညောင်းအညာဆန့်နေသော ဂျိတ်ဘီ မင်းမြတ်က ဟိုဟို၊ဒီဒီ ကြည့်ကာ အခုထိ ကားပေါ်က မဆင်းရသေးသော ကျတော့်ကို ကားမှန်ပြတင်းပေါက်ကနေ ငုံ့ကြည့်သည်။

"ဒီမှာ ဘာဆိုင်မှလည်း မရှိပါ့လား ဦးရဲ့ ဗိုက်မဆာဘူးလားဟင်"?

မောင် ဟု ခေါ်ဆိုအပ်သော(Complete)Where stories live. Discover now