part (21)

3K 113 2
                                    

မောင် ဟု ခေါ်ဆိုအပ်သော(BL)
အပိုင်း(၂၁)
မနက်ဝေလီဝေလင်းကြီး ဖြူနှင့်ကလေးမက ပြန်တော့မည်ဟု ပြင်ဆင်နေကြလေသည်။သူတို့၏ ခရီးဆောင်အိတ်တွေကို သူတို့ကားပေါ် လိုက်ပို့ပေးရင်း၌ပင် ဖြူနှင့် နှုတ်ဆက်ဖြစ်သည်။

"ကားကို ဖြည်းဖြည်းမောင်းနော် ဖြူ"

ဖြူက ကားရှေ့ခန်းမှာ ထိုင်ရင်း ကျတော့်ကို တချက်မော့ကြည့်ကာ ပြုံးလိုက်သည်။ကျတော့် စကားကို ခေါင်းငြိမ့်ပြသည်။

"ဒါနဲ့ တသက်လုံးပဲ လူပျိုကြီး လုပ်သွားမှာလား သွင်၊တယောက်ယောက်နဲ့ မိတ်ဆက်ပေးရမလား"?

"ဟာ
ရပါတယ်ဗျာ။
ဒီအတိုင်းလေးက အေးဆေးပါတယ်"

လို့ ကျတော် မနည်းကြီး အားတင်းပြီး ရယ်ရယ်ပြုံးပြုံး လုပ်ကာ ပြောလိုက်ရပေမယ့်  ဖြူကတော့ ကျတော့်ပုံစံကို သဘောကျနေလေသည်။

"လူပျိုကြီး
ရှက်နေတယ် ဟုတ်"

ပြီးတော့မှ ကျတော့်ကို သူ့အနားသို့ ကပ်လာရန် လက်ရိပ်၊လက်ခြေ ပြလေသည်။

ကျတော် သူ့အနားကို ကပ်သွားမှ

"ဂျိတ်ကို နားချပေးဦးနော် သွင်။
စိတ်ချမယ်"

ဟင်း
ဘယ်လို ချည်ပြီး ၊တုပ်ပြီး စကားလည်းဖြူရယ်?ဂျိတ်က ငါ့ချစ်သူလေဟာ။
ငါ့ချစ်သူလေး မိန်းမတယောက်နဲ့ အိမ်ထောင်ပြုပြီး သာမန်ဘဝနဲ့ နေဖို့ ငါကတိုက်တွန်းပေးရမယ် ဟုတ်လား?

"သူက သွင့်ကိုဆို သဘောကျနေတာရယ်။သွင့်စကား ကိုဆို နားထောင်မှာပါ"

"အေးပါ စိတ်ချပါ"

ကားထွက်ကာနီးတော့ ဖြူ့နံဘေးက ကလေးမက ဘြမသိ၊ဘမသိနှင့် ကျတော့်ကို အားတင်းထားပါ ဖိုက်တင်း ဆိုသည့် စကားကို လက်ဟန်၊ခြေဟန်နှင့် ပြသွားလေသည်။

ဖိုက်တင်း လို့ အားမပေးနေပါနဲ့တော့
မင်းရဲ့ ယောက္ခမက ငါနဲ့ သူ့သားကို လမ်းဆုံးရောက်အောင် တွန်းပို့သွားတာရော ညည်း သိရဲ့လား?
လို့ အော်ပြီး မေးကာ ပေါက်ကွဲ ပစ်လိုက်ချင်မိသည်။

ဘာပဲဖြစ်ဖြစ် ဖြူက ဂျိတ် ယောက်ျားသားနဲ့ ပတ်သက်တာကို သဘောမကျဘူးလို့ သူ့သဘောထားကို အတိအလင်းပြောသွားပြီးပြီ။
ဂျိတ်ကို ယောက်ျား တယောက်နဲ့ အတူနေနေပြီး ပုံမှန် မဟုတ်တဲ့ ဘဝမျိုးထဲမှာ မကျင်လည်စေချင်ဘူး လို့ အတိအလင်း ကြော်ငြာသွားပြီ။

မောင် ဟု ခေါ်ဆိုအပ်သော(Complete)Where stories live. Discover now