part (07)

4.2K 148 1
                                    

မောင် ဟု ခေါ်ဆိုအပ်သော(BL)
အပိုင်း(၇)
"ဟယ်လို မေမေလား"?

ပုံမှန်ဆို ကျတော်က အမေ့ကို အမေလို့သာ ခေါ်တတ်ပြီး အမေမကြိုက်တာတွေ လုပ်ပြီးသည့် အချိန်မျိုးမှ မေမေ ဟု ခေါ်တတ်သည်။

"ဟုတ်တယ် ဂျိတ်
မင်း ဘယ်လို လုပ်လိုက်တာလဲ ဂျိတ်။
အမေ စိတ်ပူနေမယ်ဆိုတာ
မတွေးမိဘူးလား?"

"တွေးမိလို့ပဲ အခု ဖုန်းဆက်တာပေါ့ မေမေရဲ့၊
စိတ်မပူနဲ့ သိလား?
ဦး က သဘောကောင်းတာကိုလည်း မေမေသိရဲ့သားနဲ့"

"သွင်က သဘောမကောင်းမှာကို အမေစိတ်ပူတာ မဟုတ်ဘူး ဂျိတ်
ဒီအသက်အရွယ်ထိ ရောက်နေမှ
တနေရာရာကို ထွက်သွားတာ အသိလည်းမပေး၊ခွင့်လည်း မတောင်းလို့ စိတ်တိုတာ သိရဲ့လား?"

"မေမေကလည်း......."

"မေမေကလည်း တွေ ဘာတွေ လုပ်မနေနဲ့ ဒီမှာ မေမေ့စာအုပ်တိုက်ကို ကူမလား?
ဒါမှမဟုတ် သားဝါသနာပါတာ တခုခု ကို လေ့လာသင်ယူမလား?
သားမှာ လုပ်စရာတွေ ရှိတယ်လေ"

အမေ့စကားကြောင့် ကျတော့် မျက်နှာကို ရှုံ့မဲ့နေမိသည်။ကိုယ့်သားလေး တယောက်ရှိတာကို နည်းနည်းလေးတောင် အချိန်ဖြုန်းခွင့်မပေးဘူး။

"ဟုတ်ကဲ့ပါ အမေ၊သားက ဦးဆီမှာပဲ အပြီးနေတော့မယ် လို့လည်း မပြောမိပါဘူး။ဒီမှာ လျှောက်လည်ပြီး ခြံလုပ်ငန်းကိုလည်း လေ့လာချင်သေးတယ်။
သိပ်မကြာပါဘူး တလ လောက်
နေပြီးရင်
သားပြန်လာမှာပေါ့
နော် အမေ"

"အင်း
အမေ သားကို သတိရနေမှာကိုလည်း
ထည့်တွေးအုံးလေ ဂျိတ် "

အမေတခု သားတခု သာ ရှိသည့် ဘဝမှာ တခါတရံကျ ‌အမေက ကျတော့်ဆီမှာ ချွဲတတ်သေးသည်။အနားမှာ ရှိနေတုန်းကတော့ သူမရဲ့ အလုပ်၊သူမရဲ့ မိတ်ဆွေတွေကသာ အရာရာ ဖြစ်နေပြီးတော့ လို့ ကျတော် စိတ်ကောက်ကောက်နှင့် တွေးလိုက်မိသေးသည်။

"ဟုတ်ပါပြီ အမေရဲ့
ကျတော် အမြန်ဆုံး ပြန်လာခဲ့မယ်
နော်"

"ခဏ ခဏ ဖုန်းဆက်နော်"

"ဆက်မှာပေါ့ ကျတော့်မှာ မိသားစုဆိုလို့ အမေ တ‌ ‌ေယာက်ပဲ ရှိတာကို"

မောင် ဟု ခေါ်ဆိုအပ်သော(Complete)Where stories live. Discover now