part (13)

3.2K 104 0
                                    

မောင် ဟု ခေါ်ဆိုအပ်သော(BL)
အပိုင်း(၁၃)
"ဟော သား ပြန်လာပြီလား?
ခရီးဆောင်အိတ် ပြင်တော့လေ ။"

ကားပေါ်က ဆင်းဆင်းချင်း အမေက တံခါးပေါက်ဝ အထိ ကျတော့်ကို လာကြိုသည်။ခရီးဆောင်အိတ် ပြင်ဖို့ သတိပေးချင်တာလည်း ဖြစ်ချင်ဖြစ်လိမ့်မည်။

"ရပါတယ် အမေရဲ့ ခဏနေရင် ပြင်ထား လိုက်မယ် ဟုတ်ပြီလား"?

"အင်းပါ သားရဲ့ လာ လာ လာ လာကြည့်အုံး "

ကျတော့်လက်မောင်းကို လှမ်းဆွဲလိုက်ပြီး တခုခုကို ပြလိုဟန်ရှိပေမယ့် ကျတော့်ဆီက တခုခုကို မသင်္ကာ သလိုလို ဖြစ်သွားဟန် ရှိသည်။ကျတော့် လည်ပင်း အနားသို့ ကပ်လာကာ အနံ့ခံနေလေသည်။

"ဟင်၊သား ရေမွှေးပြောင်းသုံးထားတာလား? ကြည့်စမ်းပါအုံး၊သွင်တို့ အိမ်ကို လိုက်နေပြီး သွင့်ဆီက ရေမွှေးအနံ့ကူးလာတာလား ?သားကတော့လေ။"

လို့ ပြောကာ မေမေက ရယ်နေလေသည်။အမှန်က ကျတော်လည်း သွင့်ထံမှာ သွားနေရင်း သွင်သုံးသည့် ရေမွှေးအနံ့ကိုပါ ကြိုက်မိတာကြောင့် ပြောင်းသုံးမိတာ ဖြစ်သည်။

ဒါပေမယ့် အမေက ဘာဖြစ်လို့များ သွင်သုံးနေကျ ရေမွှေးအနံ့ကို မှတ်မိနေရတာပါလိမ့် လို့ တွေးကာ အလိုမကျဖြစ်ရပြန်သည်။

"မေမေက ....သွင်... အဲလေ.... ဦးသုံးတဲ့ ရေမွှေးနံ့ကို ဘယ်လိုလုပ် မှတ်မိနေတာလဲ?"

"အဟင်းဟင်း ထူးဆန်းနေလား ?သား၊ သားရဲ့ ဦး ကလေ ကျောင်းသားဘဝကတည်းက အဲ့ဒီရေမွှေး၊အဲ့ဒီ အနံ့ကိုပဲ သုံးတာ သားရဲ့၊
ကဲ... ထားပါ..ရေမွှေးအကြောင်းပြောနေတာနဲ့ မေ့တော့မလို့
ဟောဒီမှာ သားအတွက် အန်တီမေက လာပို့ထားတဲ့ ဆတ်သားခြောက်၊
ဟောဒါက မေမေ့မိတ်ဆွေတွေ မေမေ့သားလေး အတွက်ဆိုပြီး လာပို့ထားတဲ့ မြန်မာ အစားအစာတွေ
ဟိုရောက်ရင် အမေ့သားလေး မြန်မာအစားအစာတွေကို တမ်းတနေမှာ
သနားလိုက်တာ အမေ့ကလေးလေး"

အမေ့စကားကြောင့် ကျတော်ပြုံးမိသည်။
"ဟုတ်ပါပြီ အမေရဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ"

"ဟိုရောက်ရင် ချစ်သူ လှလှလေးပါ ရှာလာခဲ့ နော်သား"?

အမေ့စကားကြောင့် သွင့်ကို ဖျတ်ကနဲ ပြေးမြင်လိုက်မိလေသည်။

မောင် ဟု ခေါ်ဆိုအပ်သော(Complete)Where stories live. Discover now