part (17)

2.9K 85 5
                                    

မောင် ဟု ခေါ်ဆိုအပ်သော(BL)
အပိုင်း(၁၇)
ကျတော် ဒီနေ့ မြန်မာပြည် ပြန်မည်ဟု တွေးထားပေမယ့် အခုတော့ ‌မပြန်နိုင်သေးပါဘူး။

ပန်းခြံထဲ၌ ဂျိတ်နှင့် အတူတူ ထိုင်နေကြတာ ဖြစ်သည်။ဂျိတ်က ကျတော့် ပေါင်တဖက်ပေါ်၌ ခေါင်းအုံးကာ စာဖတ်နေတာဖြစ်သည်။
"သွင် ဒီနေ့ မပြန်ဖြစ်သေးတာ တကယ်လား"?

စာဖတ်နေရာကနေ စာအုပ်ကိုကျော်ပြီး ကျတော့်ကို ကြည့်ကာ ‌လှမ်းမေးသည်။

ကျတော်က စောစောကလေးတင် နှစ်ယောက် အတူတူ ဝယ်လာကြသည့် စားစရာတွေထဲက စပျစ်သီး တလုံးကို လှမ်းယူလိုက်ကာ ဂျိတ်၏ ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်သည်။

ဂျိတ်က ကျတော်ခွံ့ကျွေးသည့် စပျစ်သီးကို ဝါးရင်း ကျတော့်ကို နောက်ထပ်တခေါက် လှမ်းကြည့်ပြန်သည်။

"ဟုတ်လား ဖြေဦးလေ သွင်"?

ကျတော် ဂျိတ်ကိုကြည့်ကာ  တဟားဟား နှင့် အော်ရယ်လိုက်မိလေသည်။

"တကယ်ပေါ့ကွ၊
အခု ပဲ ဦး မင်းရှေ့မှာ ထိုင်နေတာ မဟုတ်လား?"

ဂျိတ်က ကျတော့်မျက်နှာကို လှမ်းကြည့်သည်။ကျ ‌ေတာ်က ပြုံးတုံ့တုံ့ မျက်နှာပေး ဖြစ်နေတာကို သူမချင့်မရဲဖြစ်ဟန်တူသည်။ကျတော့် ပေါင်ပေါ်မှာ အိပ်နေရာကနေ ကုန်းထလာပြီး ကျတော့်နှုတ်ခမ်းကို ဖျတ်ကနဲ နမ်းလိုက်သည်။

"ပြွတ်"

"ဂျိတ် လူတွေ ရှိတယ်လေ"

"ဘာဖြစ်လို့လဲ"?

ဘာဖြစ်လို့လဲ ဆိုသည့် အမူအရာ မျက်နှာပေးဖြင့် ကျတော့် ဆီသို့ နောက်ထပ် ခြေတလှမ်း တိုးလာလေသည်။

"ဟိတ် ဂျိတ်"

ကျတော်က အလန့်တကြား လှမ်းပြီး ဟန့်တားတာကို သူလိုချင်တာသာ ဖြစ်သည်။
ထိုင်နေသည့် ကျတော့်အပေါ်ကို အုပ်မိုးလိုက်လေသည်။

"ဘာဖြစ်လို့ လဲ သွင် နိုင်ငံခြားမှာ မနေဖူးတာလည်း မဟုတ်"

"ဟိတ်ဂျိတ်"

နည်းနည်း လန့်သည့် ပုံပေါက်နေသည့် ကျတော့်ကို ဂျိတ်က သေသေချာချာကြည့်ကာ ရယ်လိုက်လေသည်။

မောင် ဟု ခေါ်ဆိုအပ်သော(Complete)Where stories live. Discover now