part (20)

2.9K 94 2
                                    

မောင် ဟု ခေါ်ဆိုအပ်သော
အပိုင်း(၂၀)
"ထင်တော့ ထင်သားပဲ ကော်ဖီနံ့လေး မွှေးနေလို့ သွင်တော့ ကော်ဖီစေ့ လှော်နေပြီလို့လေ"

ကျတော်က ကော်ဖီခွက်တွေကို မနက်စာ စားပွဲပေါ်သို့ တင်လိုက်လျှင် ဖြူက တန်းပြီး ပြောတော့သည်။
ကြက်ဥကြော်နေရင်း တန်းလန်းမို့ မီးဖိုဆီ ပြန်ပြေးရမှာမို့ ကျတော့် ဖြူ့စကားကို မတုံ့ပြန်အားချေ။
ဖြူကတော့ ဆက်ပြောနေလေသည်။

"သွင်ရယ် နိုင်ငံခြားမှာ နေခဲ့တာကိုရော အားနာပါဦးဟာ။
ကော်ဖီစက်လေး ဘာလေး ဝယ်သုံးပါ့လားလို့"

ဖြူက သူပြောချင်ရာ ပြောနေတုန်းမှာပင် ကျတော့် အိမ်ဖုန်းသံက မြည်လာလေသည်။ထုံးစံ အတိုင်း ဖြူ့ဆီလာသည့် ဖုန်းပင်ဖြစ်လိမ့်မည်။
ကျတော့် အိမ်က မြို့နှင့် ရွာအစပ်မှာ ရှိတာမို့ အိမ်ဖုန်းပဲ လိုင်းမိသည်ကို သိနှင့်နေပြီးသော ဖြူက သူမ၏ မိတ်ဆွေတွေကို ကျတော့် အိမ်ဖုန်းနံပါတ်ကို ပေးထားသည် ထင် ၊သူမရောက်လာကတည်းက ကျတော့် အိမ်ဖုန်းလေးမှာ မနားရတော့ချေ။

"ဟယ်လို"

ဖြူက ကျတော့်ကို ဆက်ပြီး မပြောနိုင်ချေ။ဖုန်းပြောနေလေသည်။

ဟင့်အင်း
ကော်ဖီဖျော်စက်လည်း မဝယ်ချင်ပါဘူး။နိုင်ငံခြားမှာ နေခဲ့တုန်းကဆို ဘယ်လောက်တောင် ဒီမြို့လေးရဲ့ ကော်ဖီစေ့ လှော် နံ့လေးကို လွမ်းခဲ့ရသလဲ?
မြတ်နိုးတန်ဖိုးထားရသူသာ သိသည့် ခံစားချက်မျိုး ဖြစ်တာမို့ ရှင်းပြလည်း ဖြူက နားလည်မည်မထင်ချေ။

ဒီလို အချိန်မျိုးကျတော့ ဂျိတ်ဘီမင်းမြတ်ကို သတိရမိသည်။ကော်ဖီစေ့လှော်ပြီး ဖျော်ထားသည့် ကော်ဖီမျိုးကို သူလည်းကြိုက်သည်။ခြံထဲက ကောက်ယူလာသည့် လတ်လတ်ဆတ်ဆတ် ကြက်ဥတွေကို သူကြိုက်သည်။
ကျတော်နှင့် အနီးစပ်ဆုံး အကြိုက်ချင်း တူသည့် လူသားလေးပင် ဖြစ်တော့သည်။

‌ဤ ကမ္ဘာ၌ အရည်အချင်းရှိပြီး ချောမောလှပသည့်သူတွေ ၊စိတ်ကောင်းရှိသူတွေ ပေါများချင် ပေါများပေလိမ့်မည်။ကျတော့်လို လူနှင့် အကြိုက်ချင်း တူသည့် လူက တော့ ရှားပါးပေလိမ့်မည်။

မောင် ဟု ခေါ်ဆိုအပ်သော(Complete)Where stories live. Discover now