part (01)

28.5K 571 5
                                    

မောင် ဟု ခေါ်ဆိုအပ်သော(BL)
အပိုင်း(၁)
လူတယောက်ကို မြင်မြင်ချင်း ချစ်မိတာမျိုး ကြုံဖူးကြလား မသိဘူး။ကျတော်ကတော့ ကြုံဖူးသွားပြီ။ဘယ်တုန်းကလဲ လို့ လာမေးရင် ဒီနေ့ မနက်ခင်းက လို့ ပြောရမှာပဲ။

ကျတော်တို့ အိမ်က နှစ်ထပ်တိုက်အိမ်ကို ခပ်ကျယ်ကျယ် ဆောက်ထားတာလေးပေါ့။ခြံဝန်းခပ်ကျယ်ကျယ်လည်း ရှိတယ် ။အဲ့ဒီခြံဝန်းကျယ်ကျယ်လေးထဲမှာပဲ မေမေက အားအားရှိတိုင်း ပန်းပင်တွေ ဝယ်စိုက်လိုက် ၊တောင်းစိုက်လိုက်နဲ့စိုက်ပြီး မွေးထားတဲ့  လှလှပပ ပန်းခြံလေးလည်း ရှိတယ်။

အဲ့ဒီပန်းခြံထဲမှာ သစ်ပင်ကြီး နှစ်ပင် ကို တဖက် တချက်စီ ချည်ထားတဲ့ ပိုက်ပုခက်လည်း ရှိတယ်။
ဒန်းလည်း ရှိတယ်။ လှလှပပ လေး ဆင်ပြင်ထားတဲ့ စားပွဲတခုလောက်တည်ခင်းလို့ရတဲ့ စားပွဲတစုံလည်း ခင်းကျင်းထားတယ်။

ရေကန်လှလှလေးကိုပါ ထည့်ထားသေးတယ်။
ပြီးတော့ အပျင်းပြေထိုင်ဖို့ ခုံတန်းလျားလေးလည်း ရှိတယ်။
မိတ်ဆက်ပေးရအုံးမယ် ကျတော့် မေမေက နာမည်တခုရနေပြီး နေရာတခု ရနေတဲ့ အချစ်ဝတ္ထုစာရေးဆရာမကြီးပေါ့။

မေမေ့အကြောင်းကိုပဲ ပြောပြောနေလို့ ဖေဖေမရှိဘူးလား လို့ ထင်စရာ ရှိနေမှာပေါ့။မဟုတ်ပါဘူး ကျတော့်မှာ ဖေဖေလည်း ရှိပါတယ်။ရှိခဲ့တယ်လို့ ပြောရင် ပိုမှန်မှာပေါ့။ဖေဖေရှိခဲ့တယ်။အခုတော့ ဆုံးသွားတာ ကြာပါပြီ ။ကျတော် (၁)နှစ်သား အရွယ်မှာ ကျတော့် ဖေဖေဟာ
သူ့အလုပ်မှာ မတော်တဆ ဖြစ်ပြီး ဆုံးသွားခဲ့တယ်။

အဲ့ဒီထက်တော့ ကျတော်လည်း ဘာမှ ပိုပြီးမသိဘူး။ကျတော့်ကို မေမေက ဒီအထိပဲ ပြောပြတယ်။သိတဲ့အတိုင်း မေမေက အားလည်း မအားဘူးလေ။မနက်ဆို မီးဖိုဆောင်ထဲမှာ ရှိပြီး နေ့လည်ဆို ပန်းခြံထဲမှာ တကုပ်ကုပ်နဲ့ အပင်တွေကို ဂရုစိုက်နေရလို့ မအားတတ်ဘူး။
ညနေပိုင်းနဲ့ ညပိုင်းတွေမှာ ဆို ရုပ်ရှင်ကြည့်ရင်ကြည့်တယ် မကြည့်ရင် စာရေးတယ် ။သူပိုင်တဲ့ စာအုပ်တိုက် (၁)ခုလည်း ရှိ‌ေသးတယ်။

ကျတော်ကလား ကျတော်က ကျောင်းသားပေါ့။ဘွဲ့ယူဖို့ စောင့်နေတဲ့ သူတယောက်အနေနဲ့ အခုလောလောဆယ်တော့ အားအားယားယား ဖြစ်နေဆဲအချိန်ပေါ့ဗျာ။

မောင် ဟု ခေါ်ဆိုအပ်သော(Complete)Where stories live. Discover now