part (12)

3.2K 105 0
                                    

မောင် ဟု ခေါ်ဆိုအပ်သော(BL)
အပိုင်း(၁၂)
ကျတော် အိမ်ထဲသို့ တိတ်တိတ်လေး ဝင်လာသည်။‌အမေ့ကို ပုန်းပြီး ဝင်လာတာဖြစ်သည်။အမေ့ကို အနားနားရောက်မှ ဘွား ကနဲ ခြောက်ရမည် လို့ တွေးကာ ပြုံးတုံ့တုံ့ ဖြစ်ရသည်။

ဟော...တွေ့ပါပြီ။ဖုန်းတလုံးနှင့် ဖုန်းပြောနေသော အမေရယ်လေ။အချိန်ပြည့်ကို အလုပ်တွေ များနေတော့တာပဲ အမေရယ်။

တိတ်တိတ်ကလေးပင် အမေ့ အနီးသို့ ချဉ်းကပ်သွားလိုက်လေသည်။

"အာ ဟုတ်တယ် မမမေ ဂျိတ်က ဆစ်ဒနီကို သွားရမှာလေ။အင်း ဆိတ်သားခြောက်လား?
ဟုတ်တယ် သူကြိုက်တာပေါ့။
အို ကျေးဇူးတင်လိုက်တာ မမမေရယ်။
မမမေလည်း သိတဲ့ အတိုင်းပဲ ဖြူ့မှာ သားကို အဲ့ဒါတွေ လုပ်ပေးလိုက်ဖို့ အချိန်ရယ်လို့ မရှိဘူးလေ။"

အမေ့စကားကြောင့် ကျတော် သက်ပြင်းချလိုက်မိသည်။ကျတော်က ကလေးဆိုးလေးလိုတော့ မဟုတ်ပေမယ့် အမေပြောလိုက်သည့် နောက်ဆုံး စကားလုံးကြောင့် ချစ်စနိုးနှင့် နောက်ပြောင် ကြည်နူးချင်စိတ်တွေလည်း ပျောက်ဆုံးကာ

အမေနှင့် မျက်နှာချင်းဆိုင်က ဆိုဖာပေါ်သို့ ဆောင်ဆောင့်အောင့်အောင့်နှင့်ထိုင်ချလိုက်လေတော့သည်။

"ဟော ဂျိတ်တောင် ပြန်ရောက်လာပြီ မမမေရေ သူနဲ့ ပြောအုံးမလား"?

အမေ မေးလိုက်တာကို  အန်တီမေက ပြန်ဖြေသည် ၊မဖြေသည်ကို မသိရပဲ အမေက ဖုန်းကို ကျတော့်လက်ထဲသို့ လှမ်းထည့် လိုက်လေသည်။

အန်တီမေ့ကို အားနာ လို့ ကျတော်ဖုန်းကို ယူလိုက်ရလေသည်။

"ဟယ်လို အန်တီမေ နေကောင်းတယ်နော်"

"နေကောင်းတာပေါ့ သားရဲ့။
ဒါနဲ့ သား ဆစ်ဒနီကို သွားခွင့်ရတာကိုလေ သား သူငယ်ချင်းက မနာလိုနေတယ် သိလား"?

"ဟုတ်လား ?
မွေးစား သမီးက မနာလိုနေတာပေါ့။ဟင်း ဟင်း ဟင်း"

"ဟုတ်ပါ့ သူ့ကို အန်တီမေက မလွှတ်လို့ သူ့မှာ မသွားရတာပါဆိုပြီး
အိမ်မှာ သောင်းကျန်းနေလေရဲ့သားရေ။"

"မွေးစားသမီး ဟေ့ မွေးစားသမီး သူရှိလား အန်တီ သူနဲ့ စကားပြောချင်လို့"

မောင် ဟု ခေါ်ဆိုအပ်သော(Complete)Where stories live. Discover now