part (30) complete

7K 141 3
                                    

မောင် ဟု ခေါ်ဆိုအပ်သော(BL)
အပိုင်း(၃၀)ဇာတ်သိမ်းပိုင်း
ဂျိတ်ဘီမင်းမြတ် အိပ်ရာထက်က နေ ထထိုင်လိုက်သည်။အခုလေးတင် သွင်က ကျတော့်ကို လာခေါ်မည်ဟု ‌ဖုန်းနှင့် ကြိုတင်ပြောသွားချေပြီ။

အိမ်ပေါ်ထပ်ကနေ ဝုန်းဒိုင်းကြဲပြီး ပြေးဆင်းလာသည့် ကျတော့်ကို ကြည့်ကာ မေမေက အလန့်တကြား မော့ကြည့်သည်။

"အဟီး
မေမေ ခဏနေရင် သွင် လာမယ်လို့ ပြောတယ်"

မေမေက သူမ၏ ကျောက်မျက်ရတနာ တွေကို သိမ်းဆည်းနေရင်းကနေ ကျတော့်ကို မျက်စောင်းလှမ်းထိုးသည်။

"အဒါနဲ့ပဲ အဲဒီလောက် ခုန်ပေါက်ပြီး ပြေးဆင်းလာစရာ မလိုပါဘူး ဂျိတ်ရယ်။
ဒါနဲ့ သူက ဘာလာလုပ်မှာတဲ့လဲ?"

ကျတော့်မှာ အိမ်က သဘောမတူလို့ ခွဲခံထားရသည့် သမီးတယောက်လို ဖြစ်နေပြီ ။ကိုယ့်ယောက်ျားက ပြန်လာခေါ်တော့မည့်အချိန် မိဘကို မျက်နှာသွေးရသည့် မိန်းကလေး တဦးနှယ်ရယ်ပါ။
မေမေ့ အနားကို ကပ်ကာ တဟဲဟဲနှင့် မျက်နှာချိုသွေးနေရချေပြီ။

"မေမေ အဟဲဟဲ
သားလေ သွင်နဲ့ ခဏ ပြန်လိုက်သွားမယ်နော်။ပြီးရင် မေမေ့ဆီကိုလည်း ပြန်လာနေပါ့မယ်။ကိုယ့် အမေ ကိုယ် တယောက်တည်း ပစ်မထားပါဘူး"

မေမေက မျက်နှာကို မော်ပြီး ချီထားသည်။တကယ်ဆို သွင်က မူးရူးရမ်းကားကာ ကိုယ့်သားကို ရိုက်နှက်နေတာလည်း မဟုတ်၊အလုပ် အကိုင် မလုပ်ပဲ မကျွေးမမွေးနိုင်အောင် နုံချာနေသူလည်း မဟုတ်၊ယောက္ခမ လုပ်စာတွေကို မျှော်မှန်းကာ အချိုအချောင် လိုချင်နေသူလည်း မဟုတ်ပါဘဲလျှက် သဘောမတူဘူးတို့၊သွင်နဲ့မို့လို့ကို သဘောမတူတာ တို့ အပြောခံထားရတာ ဘယ်လောက် သနားဖို့ ကောင်းသလဲ?

ဒါပေသိလို့
မေမေ့ကိုကျတော့လည်း ကျတော့်ဘက်က မတင်းရက်ပေ။သူမမှာလည်း ပြေးကြည့်မှ ဒီသား တယောက်သာ ရှိသည် မဟုတ်လား?။

"တခါတည်း ပြောထားခဲ့ ဂျိတ်၊သွင့်ဆီမှာ ဘယ်နှလနေပြီး မေမေ့အိမ်မှာ ဘယ်နှလနေမှာလဲ ဆိုတာ။
ပြီးတော့ သားကတိတည်ရမယ်နော်။"

မေမေ့ စကားသံကြောင့် ရင်ဘတ်ထဲ၌ ဟိန္ဒူဘုရားပွဲ လှည့်နေသလိုပင် အူမြူးနေချေပြီ။မေမေ့ရှေ့၌တော့ အိ‌‌န္ဒြေ ဆည်ကာ နေပြရသေးသည်။တော်ကြာ မျက်စေ့နောက်ပြီး မလိုက်ရဘူး၊ဘာညာ ပြောနေမှဖြင့် သွင့်ကို မျက်နှာပူပြီးရင်း ပူနေရဦးမည်။

မောင် ဟု ခေါ်ဆိုအပ်သော(Complete)Where stories live. Discover now