အပိုင်း ၂၆

2.1K 99 0
                                    

ပျို လဲ ရေချိုးပြီးတာ နဲ့ မမ ပြောတဲ့အတိုင်း မမ အခန်းဆီ ပြန်လာလိုက်တယ်.....

" မမ ခွန်းရောက်ပြီ "

" ဒါဆို Breakfast သွားစားကြမယ် "

" ခွန်း ကို ချစ်လားဟင် "

" ချစ်တာပေါ့ ခွန်း ရဲ့ ပြောမပြတက်အောင်ကို ချစ်တာ "

ပြောပြီး မမ က ခွန်းရဲ့ ပါးလေးလာနမ်းသည် မို့ ခွန်း လဲ မမ ရဲ့ပါးကို ရွတ်ခနဲ ပြန်နမ်းလိုက်တယ်

"Breakfast က အိမ်မှာမစားချင်ဘူး အပြင်သွားစားကြမယ်နော်ကလေး "

" ဟင် မမ ကလဲ အိမ်မှာစားလို့ရနေတာကို ပိုက်ဆံကုန်မှာပေါ့ "

" ပိုက်ဆံ ကုန်တာ အရေးမကြီးပါဘူး အဓိက က ခွန်းလေးနဲ့ အတူရှိရဖို့ ပဲ အရေးကြီးတာ "

" ဒါဆို အိမ်မှာပဲ စားမယ်နော် မမ "

" ဟုတ်ပါပြီး မ ရဲ့ ကလေးလေး သဘောပါနော် "

မမ က ပြောပြီးတာနဲ့ ခွန်း ရဲ့ လက်လေးကို ဆွဲပြီး  လှေကအတိုင်းဆင်းလာပြီး ထမင်းစားခန်းထဲ ဝင်ခဲ့တယ်

ထမင်းစားပွဲပေါ် Breakfast ပြင်ပြီးသားမို့ နှစ်ယောက်သား စကားပြောရင်းစားလိုက်ကြတယ်

ချစ်သူ နဲ့ အတူတူ ဖြတ်သန်းရတဲ့ အချိန်တိုင်းဟာ ဘဝ အတွက်
ပြောမပြတက်အောင် ပြီးပြည့်စုံ နေတယ် လို့ ထင်ရတယ်လေ

စားပြီး ပြန်တက်လာတော့ အခန်း ထဲ မှာကျန်ခဲ့တဲ့ မမ ရဲ့ ဖုန်းလေး မှာ Miss Call တွေ အများကြီးဖြစ်နေတယ်

ကြည့်လိုက်တော့ မမ ရဲ့ မာမီ

မမ က ဖုန်းပြန်ခေါ်ပြီး ဖုန်းကို Speaker ဖွင့်လိုက်တယ်

" Hello မာမီ "

" ကုဋေ ဘာတွေလုပ်နေတာလဲ သမီး"

" သမီး ဘာလုပ်လဲ ဆိုတာ သမီး သိပါတယ် မာမီ "

" ဒါဆို သမီး ဆိုလိုတာက ၊ မာမီ ကို ဝင်မပြောနဲ့ဆိုတာမျိုးလား"

" အဲ့လိုထင်တယ် ဆိုရင် လဲ ထင်လို့ရပါတယ် မာမီ "

" မာမီ ပြောချင်တာ သမီး အတွက်ပါ ၊ ကောင်မလေးကရော သိပြီးပြီလား "

မြေခခဲ့ရသောအသည်းပန်းWhere stories live. Discover now