အပိုင်း ၁၁

2.2K 118 0
                                    

မနက်မိုးလင်းပြီ မို့ နေမြင့်အောင် မအိပ်တက်တဲ့ ပျို မနက် ၆ နာရီခွဲ ထဲ က နိုးနေသည် ၊ မမ ကို ရင်မဆိုင်ရဲလို့သာ အခန်းထဲ မှာ ပဲ နေပြီး ကုတင်ပေါ်မှာ လူးလိမ့်နေလိုက်သည် ၇ နာရီကျော်တော့ မမနန္ဒီ ကို လဲ လိုက်ပို့ပေးရမှာမို့ ပျို ရေချိုးပြီး အဝတ်စားလဲလိုက်သည် မနေ့ က မမ ပေးထားတဲ့ Sun Cream လေး ကို မျက်နှာ ပေါ် ပါးပါးလေး လူးလိုက်သည်။

ပြီးနောက် Mail. တွေ ကို မသွားခင် စစ်သွားမယ် လို့စိတ်ကူးပြီး မမ အခန်းထဲ သို့ လာခဲ့လိုက်သည် ။ မျက်နှာချင်း မဆိုင်ရဲသော်လည်း အလုပ်က ရှိနေသေးတယ် လေ

မမ အခန်းရှေ့ ရောက်တော့ တံခါး ခေါက်လိုက်တယ် အခန်းထဲမှာ ထူးသံမကြားတော့ လက်ကိုင်ဘုကိုလှည့်ကြည့်လိုက်တယ် Lock မချထားတာကြောင့် ပျို လဲ အခန်းထဲဝင်ခဲ့လိုက်တော့ မမ ကို ကုတင်ပေါ်မှာမတွေ့ ရေချိုးခန်းဝ မှာ ဖိနပ်မတွေ့တော့ ရေချိုးနေတာမှန်းသိလိုက်ကာ ပျို လဲ စာပွဲမှာထိုင်ပြီး လက်တော့ပ် ဖွင့်ကာ Mail တွေ စစ်နေလိုက်တယ် ဒီနေ့တော့ ထူးထူးခြားခြားပို့ထားတာ မရှိတာမို့ လက်တော့ပ် ကို ပြန်ပိတ်ပြီး မမ ဝတ်ဖို့ အင်္ကျီလေးရွေးလိုက်တယ်

ခဏနေတော့ မမ က ရေချိုးခန်းထဲက ထွက်လာတာမို့ ပျို လဲ မမ အတွက် ထုတ်ထားတဲ့ အဝတ်လေးကိုချ ပြီး ရေသုတ်ပေးလိုက်တယ်

" မမ မျက်နှာဘာလူးဦးမှာလဲ " မမ က ပျို့ ကို မကြည့်ပဲ

" Sun Cream လေး ပဲ လူးတော့ Body Cream နဲ့ "

" ဟုတ် " ပျို လဲ မှန်တင်ခုံပေါ်က နေ ဗူးလေးနှစ်ဗူး ယူ လိုက်ပြီး

Body Cream ကို မမ ရဲ့ ကြောဘက်ကနေပြီး တစ်ကိုယ်လုံး အနှံ့လူးပေးလိုက်တယ် မျက်နှာ ကို တော့ မမ က သူ့ဘာသာလူးလိုက်တယ်
ပြီးနောက် ထုတ်ထားတဲ့ အဝတ်စားလေးကိုယူပြီး

" မမ ဒါလေး အဆင်ပြေမလား "

" ပြေပါတယ် လေယာဥ်ကွင်း တင်သွားမှာဆိုတော့ " မမ ပြောစကားကြောင့် ပျို လဲ အင်္ကျီကို ဝတ်ပေးလိုက်တယ်

" နန္ဒီ ပြီးပြီလား လို့ သွားမေးကြည့်လိုက်ဦး "

"ဟုတ် မမ " စကားသာ ပြောနေကြတယ် တစ်ယောက် မျက်နှာ ကို တစ်ယောက် မကြည့်ဖြစ်
================

မြေခခဲ့ရသောအသည်းပန်းWhere stories live. Discover now