အပိုင်း ၂၃

2.3K 110 0
                                    

ခွန်းသစ်ပျို ဆိုတဲ့ အသက် ၇ နှစ်ငယ်တဲ့ ဒီကောင်မလေးကို ဘာလို့များ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာကို ပို့ခဲ့မိလဲ ကုဋေ နားမလည်ခဲ့ (လွမ်းတယ် ကလေးရယ်)  ကလေးမရှိပဲ ရှေ့ဆက်ရမယ့် ခရီးကို ကုဋေ မတွေးရဲ ပြောခေါ်ဖို့ကျတော့လဲ ကုဋေ ဒူးမထောက်ချင်

Viber ကနေ နန္ဒီ က Vedio Call ခေါ်လာတာမို့ ကုဋေ ဝမ်းသာအားရကိုင်လိုက်မိတယ်

" ဟဲလို နန္ဒီ ဖုန်းဆက်ပြီးပြီလား ဘာပြောလဲ အဆင်ပြေရဲ့လား ငိုနေလားဟင် "

" အမလေး မမ ရယ် ဖြေးဖြေး လဲ မေးပါ" နန္ဒီ က ပြောပြီးမျက်စောင်းထိုးနေတာမို့

" ကဲပါ ​ပြောစမ်းပါ နန္ဒီ ရယ် "

" ငိုနေတာတော့ သေချာတယ် မေးတာကို မဖြေဘူး ၊ နေတော့ကောင်းပါတယ် ပြောတယ် "

" ဟင် ဒါပဲလား "

" သြော် ဒေါ်ကုဋေ ရယ် ကျွန်မ က ဘာမေးတက်ဦးမှာလဲ "

" သူ ငါ့ဆီ ပြန်လာမလာသိချင်တာ "

" သြော် မမ နှင်ထုတ်လိုက်တာလေ ပြန်မခေါ်ပဲ ပြန်လာမလားစဥ်းစားလေ "

"မသိတော့ဘူးဟာ "

" ဒါနဲ့ အခု Interview က ဘယ်နေ့ တင်မှာလဲ "

" ဒီရက်ပိုင်းအတွင်း တင် မှာ "

" မမ ပြောသလို ဖြေခဲ့တာ သေချာလား "

" အင်း "

" အာ့တာ အဲ့ Vedio တင်ပြီးရင် နန္ဒီ ဖုန်းထပ်ဆက်ပေးမယ် ဟုတ်ပြီလား ၊ မမ လဲ ခေါ်ရင်ခေါ်ကြည့်လေ ပျို့ ဆီကို"

" မကိုင်မှာ စိုးလို့ ၊ မကိုင်ရင် ငါရှက်ရမှာ"

" ထားနေလိုက်လေ အချစ်ကြားမှာ အဲ့မာန ကို " နန္ဒီက ပြောတော့ ကုဋေ ရယ်ကြဲကြဲလေးနဲ့ပဲ ကြည့်နေလိုက်တယ်

" ကျွန်မ မှာ လဲ နော် အစ်မ ရှိတာကို ယောင်းမရနေတာ"

" နန္ဒီ နော် ၊ နင် " ပြောပြီး ကုဋေ လက်သီးစုပ်ပြလိုက်သည်။
နန္ဒီ က လျှာ ထုတ်ပြပြီး

" နန္ဒီ စာကျက်တော့မယ် မမ "

" Ok..ok " နန္ဒီ ဖုန်းချ သွားပြန်တော့ ကလေးကို လွမ်းတဲ့စိတ်က ပိုကဲ လာပြန်သည်။

မြေခခဲ့ရသောအသည်းပန်းWhere stories live. Discover now