အပိုင်း ၁၃

2.2K 119 0
                                    

မနက် ၆ နာရီခွဲဆိုရင် နိုးနေကြ ဖြစ်တဲ့ ပျို က အိပ်ယာ​က ထလိုက်ပြီး မေမေ့ ဆီ ဖုန်းဆက်လိုက်သေးသည် ။ ပြီးနောက် ကိုယ်လက်သန့်စင် ကာ ရေမချိုးသေးပဲ ပျို့ အတွက် အဝတ်စားနှစ်စုံလေး အနွေးထပ်လေးရယ် လိုအပ်တဲ့ အသုံးဆောင် ပစ္စည်းတွေ ရယ် ထည့်လိုက်တယ် ။ ပြီးတော့ မမ အခန်းဘက်ကို ကူးလားပြီး တံခါးခေါက်တော့

" ဝင်ခဲ့လိုက် " အထဲမှာ အသံကြားတာမို့ ပျို လဲ တံခါးကို အသားလေး တွန်းဖွင့်ပြီး ဝင်ခဲ့လိုက်သည်

အထဲရောက်တော့ မမ က ဖုန်းပြောနေတာ ရယ်လို့ မောလို့( မမနန္ဒီ နဲ့ ပြောတာနေမယ်) ဟု တွေးပြီး ပျို လဲ စားပွဲမှာ ထိုင်ကာ ထုံးစံ အတိုင်း Fb /E.Mail / Fb Page တွေ ကို စစ်နေလိုက်သည်

မမ က ဖုန်းပြောပြီး တော့

" ခွန်းသစ်ပျို "

" ဟုတ် ပြောပါ မမကုဋေ "

" ခဏနေ တို့ အပြင်သွားစရာ ရှိတယ် ​ကားလဲ ဆီ ဖြည့်ရမယ် အဲ့တော့ မင်းလုပ်စရာရှိတာ သွားလုပ်ထားပါ တို့ ပြီးရင် သွားမယ် "

" ဟုတ်ကဲ့ပါ" လဲ ခရီးသွားဖို့ အကုန်လုပ်ပြီးပြီ မို့ မမ အပြင်သွားရင် ဝတ် ဖို့ အင်္ကျီလေး ထ ထုတ်လိုက်သည် ။ ကလောသွားဖို့ အတွက် ကျ ညထဲ ထုတ်ပြီးနေပြီလေ

ပြီးတာနဲ့ ပျို လဲ လုပ်လတ်စကို ဆက်လုပ်နေတယ်
ဒီနေ့ အတွက် ထူးထူးခြားခြား ဘာမှ ဝင်နေတာ မရှိတော့ ပျို လဲ
လက်တော့ပ် ကို ပြန်ပိတ်လိုက် ပြီး ပျို့ အခန်းကို ပြန်ဖို့ လုပ်တော့

" ဘယ်သွားမလို့လဲ ခွန်းသစ်ပျို "

" အခန်းကို ပြန်မလို့ ပါ မမကုဋေ "

" Ok!  တို့ ပြီးရင် ခေါ်လိုက်မယ် "

" ဟုတ်ကဲ့ပါ မမကုဋေ " နှစ်ယောက်သားကြားမှာ အရင်လို ပွင့်လင်းမှုတွေ မရှိဘူး ပျို အလုပ်လုပ်နေရတာလဲ မပျော်ဘူး ( ဘယ်လိုဖြစ်နေတာလဲ မမ ရယ် ဒီပုံစနဲ့ နှစ်ယောက်ထဲ ခရီးဘယ်လို ထွက်ရမှာလဲ)

ပျို စိတ်လေးစွာ တွေးပြီး ခေါင်းခါမိလိုက်တယ်
=============================

ဒီကလေး ကို တင်းမာ ပြ ထားရပေမယ့် အခုလိုဆက်ဆံရေးမျိုး ကုဋေ လဲ မကြိုက်ဘူးဖြစ်နေတယ ် ဒါပေမယ့် ကိုယ့်စကားနဲ့ ကိုယ်ဆိုတော့ နေရမှာပေါ့

မြေခခဲ့ရသောအသည်းပန်းWhere stories live. Discover now