အပိုင်း ၁

5.8K 176 0
                                    

အနုပညာလောကရဲ့ တက်သစ်စ မော်ဒယ်မင်းသမီး ဆူးပန်းကုဋေ
ဂုဏ်သတင်းမွှေးပျံ့သလောက် မာန ကို မိုးထိ အလံလွှင့်ထူးထားသော အမျိုးသမီး တစ်ဦး ဆိုင်ဖွင့်ပွဲတစ်ခုရဲ့ အနေအထားမှာ Media တွေနဲ့ ရှုပ်ယှက်ခတ်နေသော သူမ အတော်လေးကို စိတ်မွန်းကြပ်နေရတယ်

ပွဲပြီးပြီဆိုတော့ လုံခြုံရေး တွေ က ကုဋေ ကို အပြင်သို့ တွဲခေါ်ကာ ကားပေါ် တင်ပေးလိုက်မှ အသက်ရှူချောင်ရတော့တယ်

" ငါ ဒီဘဝ ကြီးကို မုန်းလှပြီ နန္ဒီ" ဆူးပန်းနန္ဒီ ဆို သည်မှာ ကုဋေ နဲ့ သုံးနှစ်ငယ်သည့် ညီမအရင်း ဖြစ်သည်။

" မမ ဝါသနာပါတာကို လျောက်လှမ်းနေတာပဲ မမ ရယ် ဒီလောက်တော့ သည်းခံရမှာပေါ့ "

" ဒါနဲ့ နန္ဒီ နင် US သွားဖို့ အချိန်ဘယ်လောက်လိုသေးလဲ "

" အခု က ဘွဲ့ယူဖို့ ဆိုတော့ သိပ်တော့ မပြောတက်သေးဘူး မမ နောက်ထပ် တစ်လ လောက်ပဲ လိုတော့မယ်လို့တော့ ထင်တယ်"

" နင် သွားရင်တော့ ငါတော့ အခက်တွေ့ပြီ မာမီ က လဲ သူ့အလုပ်နဲ့သူဆိုတော့ ငါ့နောက်လိုက်နိုင်မှာ မဟုတ်ဘူး "

" ဒီလိုလုပ်ပါလား.... မမ ရဲ့ Facebook က နေ Manager ခေါ်ကြည့်ပါလား "

" ယုံရပါ့မလားဟယ် အခုချိန် ငါ့နားကို ဝင်ချင်တဲ့သူတွေက ဒု နဲ့ ဒေး "

" လူတွေ့သေချာ Interview ခေါ်ကြည့်လေ "

" အင်း ငါ စဥ်းစားကြည့်ဦးမယ် အဲ့ အကြံအလုပ်ဖြစ်မဖြစ် "

ကုဋေ အိမ်ရောက်တာနဲ့ ရေတန်းချိုးလိုက်တယ် ဒါ ကုဋေ့ အကျင့်ပဲလေ အပြင်က ပြန်လာရင် စိတ်ရှုပ်စရာ ညစ်စရာတွေကို ရေနဲ့ လောင်းချပြစ်လိုက်တယ် ရေချိုးပြီး ညအိပ်ဝတ်စုံ ဝတ်ကာ Computer နဲ့ အလုပ်ရှုပ်နေတော့တယ် နန္ဒီပြောသလို ပိုစ့်တင်ရင် ကောင်းမလား မတင်ရင်ကောင်းမလား စဥ်းစားရင်းနဲ့ပေါ့

" မမကြီး ထမင်းစားတော့မလား" အိမ်အကူကောင်မလေးရဲ့ အသံ

" မစားတော့ဘူး နွယ်နီ ဒါနဲ့ မာမီ ပြန်ရောက်ပြီလား "

" မရောက်သေးဘူး မမကြီး မေမေကြီးက ဒီည ဧည့်သည်တွေနဲ့ ပါတီ ရှိတယ်လို့ ပြောသွားတယ်"

မြေခခဲ့ရသောအသည်းပန်းDonde viven las historias. Descúbrelo ahora