အပိုင်း ၁၇

2.3K 120 0
                                    

ရင်ခွင်ထဲ အိပ်နေတဲ့ ကလေး ကို မနှိုးချင်​သေးပေမယ့် သူဌေး နဲ့ တွေ့ရမှာရော ပြန်ရမှာရောမို့

" ခွန်း "

" ဟင်....."

" ထ တော့ ၈ နာရီတောင် ထိုးနေပြီ တစ်ခါမှ ဒီအချိန်ထိ မအိပ်ပဲနဲ့ "

" ဟင်...တကယ်ကြီး လား " မယုံသလိုနဲ့ မေးပြီး ထ ထိုင်လိုက်ရှာတယ်

" ညာစရာလား နာရီကြည့်လေ " ကုဋေ့ စကားကြောင့် ကလေးက ဖုန်းကိုယူပြီး နာရီကိုကြည့်လိုက်ကာ

" အာ မနေ့ညက မအိပ်ရပဲ ပင်ပန်းလာလို့ နေမယ် "

" မနေ့ ညက ပင်ပန်းတာလား ညက ပင်ပန်းတာလား ဒေါ်ခွန်းသစ်ပျို " ကုဋေ့ ရဲ့ စကားကြောင့် ကလေးက ရှက်သွားပြီး

" အာ...မမ နော် ဘာတွေ ပြောနေတာလဲ လူကိုအနိုင်ကျင့်ပြီး " ပြောလဲ ပြော ကုဋေ့ကိုလဲ မျက်စောင်းလေးထိုးလာသည်။ ကုဋေ လဲ လှဲနေရာမှ ကလေးရဲ့ ပါးလေးကို ဖျစ်ညစ်လိုက်ပြီး

" ဒါ ဆို ခွန်း က စိတ်မပါပဲ မ က အတင်းအနိုင်ကျင့်လိုက်တာပေါ့ "

" ဟာ မမ နော် ဘာတွေ ပြောနေမှန်းလဲမသိဘူး တော်ပြီ ရေချိုးတော့မယ် " ရှက်ပြီး ထ ထွက်သွားတဲ့ ကလေးကို ကုဋေ ကြည့်ပြီး ပြုံးနေလိုက်သည်

ဒီတိုင်းလေးပဲ ရှေ့ဆက်လို့ရမယ် ကလေးရယ် မ... တို့အ​ကြောင်းကို လူတွေ သိမှာကြောက်တယ် မ.. ရောက်နေတဲ့ နေရာကနေ ဆွဲချ ခံရမှာကို ပိုကြောက်တယ် ( မ ကို နားလည်ပေးပါ ကလေးရယ်)

ရေချိုးပြီးတော့ ကလေးက ပြန်ထွက်လာတာမို့ ကုဋေ လဲ အနားကို ကပ်သွားလိုက် နဖူးလေးကို နမ်းက ပိုနေတဲ့ သဘက်နဲ့ ခန္ဓာကိုယ်မှ ရေစက်လေးတွေ သုတ်ပေးလိုက်တယ်

" အဝတ်စားဝတ်တော့ မ ရေချိုးလိုက်ဦးမယ် "

" ဟုတ် "

ကုဋေ လဲ ရေချိုးခန်းထဲဝင်လာလိုက်တော့ ကလေးက ကုဋေ ချိုးဖို့ ရေပူရေအေး စပ်ပေးခဲ့တာကို တွေ့လိုက်ရပြီ ကျေနပ်သွားရသည်

ခါတိုင်းလဲ တာဝန်အရ လုပ်ပေးနေကျမှာ ဒီမနက်မှာ ကလေးလုပ်ပေးသမျှ အရာအားလုံးက ကုဋေ့ ရင်ကို နွေးထွေးစေသည်

မြေခခဲ့ရသောအသည်းပန်းWhere stories live. Discover now