အပိုင်း ၁၉

2.3K 122 0
                                    

ချစ်ရသူရဲ့ ရင်ခွင်ထဲမှေးစက်ပြီး နိုးထလာရတဲ့ မနက်ခင်းလေးမို​့ ခါတိုင်းထက်မတူပဲ ချိန်မြိန်နေလှသည် ။ ဒီနေ့ သောကြာ နေ့မို့ မနက်ဖြန် ရိုက်ရမယ့် MTV အတွက် ပြင်ဆင်ရန်ရှိသေးသည်လေ (မမ လဲ သနားပါတယ် မနားတမ်းပင်ပန်းနေရတာ)

ပျို လဲ မမ ရဲ့မေးဖျားလေးကို လှမ်းနမ်းလိုက်ပြီး ရင်ခွင်ထဲကနေ ထ ဖို့ အလုပ်

" ငြိမ်ငြိမ်နေ ခွန်းရယ် မ အိပ်ရေးမဝသေးဘူး"

" ခွန်း အလုပ်ရှိသေးတယ်လေ မမ "

" အဲ့အလုပ်တွေ ခဏ ထားလိုက်ဦး အခု အိပ်ချင်သေးတယ် "

မျက်လုံးမဖွင့်ပဲ ပြောနေတဲ့ မမ ကြောင့် ​ပျို လဲ ပြန်ငြိမ်နေလိုက်သည်။ မမ နိုးမှပဲ လုပ်စရာရှိတာတွေ လုပ်တော့မယ်ဟုတွေးပြီး မမရင်ခွင်ထဲမှာ ပျို လဲ မျက်လုံးလေးတွေ မှိတ်ထားလိုက်ရင်းက ပြန်အိပ်ပျော်သွားတော့သည်။

ပျို မျက်လုံးဖွင့်ကြည့်လိုက်တော့ မမ က ပျို့မျက်နှာကိုစိုက်ကြည့်ပြီးပြုံးနေသည် ။ နာရီလှမ်းကြည့်လိုက်ပြီး

" ဟင် ၉ နာရီတောင်ထိုးနေပြီး "

" အိပ်ချင်တယ် ပြောတာ မ လေ ဘယ်လိုဖြစ်လို့ ရှင်လေးက ပြန်အိပ်ပျော်သွားတာ " မမက ရယ်ကြဲကြဲလေးနဲ့ စတယ်

" မမ ရင်ခွင်က နွေးနေတော့ ခွန်းလဲ ပြန်အိပ်ချင်သွားတာနေမှာပေါ့ "

" အမယ် စကားတွေအတော်တက်နေတယ် " ပြောပြီး မမ က ခွန်းပါးလေးကိုလာနမ်းတယ် ပြီးတော့

" ထ တော့ Shopping ထွက်ရအောင် မနက်ဖြန် Shooting ရှိတယ်မို့လား "

" ဟင် မမ မှာ ဝတ်စရာတွေ အများကြီးကို ပြီးတော့ ပျို အဝတ်တွေလျော်လိုက်ဦးမယ် "

" အဲ့တာတွေက ထားလိုက် နွယ်နီလျော်လိမ့်မယ် သူဘာသာ "

" မဟုတ်ဘူးလေ ပျို့ အဝတ်တွေ ရှိသေးတယ်"

" ရှည်ပြန်ပါပြီကော ပြောတာပဲ နားထောင် အခု ရေသွားချိုး ပြီးရင် Shopping ထွက်မယ် Breakfast ကို အပြင်ရောက်မှပဲစားတော့မယ် "

" ဟုတ် " ပျို လဲ ရေချိုးဖို့ အခန်းကို ပြန်လာခဲ့လိုက်တော့တယ်

မြေခခဲ့ရသောအသည်းပန်းWhere stories live. Discover now