အပိုင်း ၂၂

2.3K 115 0
                                    

မမ က ထွက်သွားလို့ ပြောလာမှ တော့ ပျို လဲ အခန်းထဲ က ပစ္စည်းလေးတွေကို သိမ်းပြီး မမ ပေးထားတဲ့ ဖုန်းကို Sim Card ထုတ်လိုက်ပြီး ပျို့ ရဲ့ အရင် ဖုန်းအဟောင်းထဲ ပြန်ထည့်လိုက်တယ် ( မမ ​က ပြောထားတယ်လေ အလုပ်ထွက်ရင် ထားခဲ့ရမယ်တဲ့) ပြီးတော့ မနေ့တနေ့ က မှ ချစ်သက်လက်ဆောင်ဆိုပြီး မမ ဝယ်ပေးထားတဲ့ ဆွဲကြိုးလေး ကို ​ဖြတ်လိုက်ပြီးဗူးလေးထဲ ထည့်ကာ မှန်တင်ခုံပေါ် တင်လိုက်တယ်

ပြီးတော့ စာလေးတစ်စောင် ရေးထားခဲ့လိုက်တယ် ဒီစာကို မမ ဖတ်မိရင် ပျို့ ကို မုန်းနေတယ်ဆိုရင်တောင် ပျို့ အချစ်ကိုတော့ နားလည်ပေးနိုင်မှာပါ

အဲ့နောက်မှတော့ လာတုန်းက အတိုင်းလေးပဲ ပျို ရဲ့ အဝတ်စားတွေပဲ ပါတဲ့ အဝတ်အိတ်ကို ဆွဲပြီး အောက်ကိုဆင်းလာခဲ့တယ် ( မမ ပြောတဲ့ သုံးလစာ ဆိုတာကြီးကိုလဲ ပျို မမက်မောပါဘူး)

အောက်ရောက်တော့ နွယ်နီ က

" မမပျို ဘယ်သွားမလို့လဲ "

"အိမ်ပြန်တော့မယ် နွယ်နီ " နွယ်နီ က သက်ပြင်းလေးချရှာသည် အင်းပေါ့ လေ သူ့သခင်မ အကြောင်းသူပဲ သိမှာပေါ့ ပျို လဲ တစ်ခုသတိယ သွားပြီး

"နွယ်နီ"

"ရှင် မမ ပျို "

" ပျို့ ဖုန်းနာပါတ်လေး ယူထားလိုက်ပါလားဟင် ပြီးတော့ ပျို့ကိုလဲ နွယ်နီ နာပါတ်ပေးလို့ တကယ်လို့ များ မမ မှာ ကိစ္စတစ်ခုခုရှိလာခဲ့ရင် ပျို့ ကို ဆက်ပေးပါနော် "

" ဟင်း........သနားလိုက်တာ မမပျိုရယ် "

" ရပါတယ် နွယ်နီ ရယ် ပျို ဘာမှ မဖြစ်ပါဘူး "

နွယ်နီ ဆီ က ဖုန်းနာပါတ်ယူပြီး ပျို့ ဖုန်းနာပါတ် ပြန်ပေးကာ ထွက်လာခဲ့လိုက်တယ်တော့ အိမ်ယာထဲမှာဆိုတော့ ကားငှားဖို့ မလွယ်တာမို့ အိမ်ယာ အပြင်ထိ လမ်းလျောက်ထွက်လာခဲ့ လိုက်သသည်။မေမေ့ ကို တော့ စိတ်ပူနေမှာစိုးလို့ ဖုန်းကြိုမဆက်ဖြစ် ။ ပြန်ရောက်မှပဲ အကြောင်းစုံ ရှင်းပြတော့မယ် ဟု တွေးလိုက်ကာ ကားငှားလိုက်သည်။

အိမ်ရောက်တော့ ပျို့ ကို မြင်လိုက်တဲ့ မေမေ က ပျို ထင်ထားသလို အံသြနေသည်။

မြေခခဲ့ရသောအသည်းပန်းWhere stories live. Discover now