အပိုင်း ၇

2.2K 131 0
                                    

Center ရှေ့ ရောက်ပြီ မို့ ပျို လဲ ကားကို Parking ထိုးလိုက်ပြီး

" ပျို မလိုက်ခဲ့တော့ဘူးနော် မမ " ပျို လဲ မမနန္ဒီ ကို လှည့်ပြောလိုက်သည် ဟုတ်တယ်လေ ပျို မှ ဝယ်စရာမရှိတာ ပျိုကြောင့် ညီအစ်မ အနှောက်ယှက် မဖြစ်စေချင်

" လိုက်ခဲ့ " အသံမာမာ နဲ့ ပြောလာသော မမကုဋေ ကို ပျို လဲ လန့်သွားပြီး

" ဟို ပျို...ဝယ်စရာမရှိ...."

" မရှည်နဲ့ လိုက်ခဲ့ " ပျို့စကားပဲ မဆုံးလိုက်ပဲ မမကုဋေ က ဖြတ်ပြောလာတယ် မမနန္ဒီ က ကြားဝင်ပြီး

" ကဲပါ ပျို ရယ် လာလိုက်ခဲ့ "

" ဟုတ် " ပျို ကားပေါ်က ဆင်းတော့ မမကုဋေ က မျက်မှောင်ကြုတ်ပြီး ပျို့ကို ကြည့်လာတယ် (ဟူး...ပျို ဘာအမှားများ လုပ်မိလို့ပါလိမ့်) ပျို စဥ်းစားမရတာတော့ အမှန်ပင် ဖြစ်သည်။

===========

ကုဋေ စိတ်တွေ မကြည်လင်ဘူး တွေ့သမျှ အကုန်လုံးကို ဒေါသ ထွက်နေသည် ဘယ်သူ့ကိုမှလဲ စကားမပြောဖြစ်

ဟုတ်တယ်လေ စဥ်းစားကြည့် Center ထဲ မလိုက်ဘူးပြောတာတောင် ကုဋေ့ ကို မပြောပဲ နန္ဒီ ကို ပြောတယ် လိုက်ဖို့ပြောတော့လဲ ကုဋေ ခေါ်တုန်းက မလိုက်ပဲ နန္ဒီ ပြောတော့ တစ်ခွန်းထဲနဲ့ ဆင်းလိုက်လာတယ်

(တော်တော် အမြင်ကပ် တယ် တွေ့မယ် ပြန်ရောက်မှ ပညာပေးပြမယ် )

နန္ဒီ လိုချင်တာတွေ လိုက်ဝယ်ပေးပြီး ပြန်ထွက်ကြမယ်လုပ်တော့ နန္ဒီ က

" ပျို ဘာလိုချင်လဲ တစ်ခုခုကြည့်လေ "

" မယူတော့ပါဘူး မမ ရဲ့ " ကျွတ်လာပြန်ပြီ ဒီမမ တွေ့သမျှကို မမ လို့ လိုက်ခေါ်နေတာများလား မသိဘူး

" မဟုတ်တာ မမ က လက်ဆောင်ပေးတယ်ဆိုလက်ခံရတယ်လေ ပျို ကြိုက်တာ ယူလိုက် "

" ဟုတ် " (တဟုတ်ဟုတ် နဲ့ တော်တော်လိမ္မာပြနေတာ)  ကုဋေ တော်တော်ကို ကြည့်မရဖြစ်နေပါပြီ

"ပျို အိတ်လေးပဲ ယူမယ် မမ "

" အွန်း ဘာအရောင်ကြိုက်လဲ "

" ပျို က ပန်းရောင် အဲ...." ကုဋေ့ ကို လှမ်းကြည့်လိုက်တာကိုတွေ့လိုက်တယ် ပန်းရောင် ဆိုလဲ ကုဋေ လဲ မျက်မှောင်ကြုတ်လိုက်တာနဲ့ တိုးသွားရသည်။

မြေခခဲ့ရသောအသည်းပန်းWhere stories live. Discover now