အပိုင်း ၂၇

1.8K 95 0
                                    

ပျို တို့ နှစ်သား ရွှေတိဂုံကို ရောက်တော့ လူအရမ်းများတာကြောင့်
ခပ်မြန်မြန်လေး ဘုရားဖူးပြီး ပြန်ဆင်းခဲ့ကြတယ် မမ က Mask တပ်ထားတာကြောင့် လူတော့ မရိပ်မိကြပေ။

ပျို တို့ အောက်ကို ပြန်ရောက်တော့

" ကလေး ဘာစား ဦးမလဲ "

" ဗိုက်တော့ ဆာနေတယ် ဟို...ဝက်သားတုတ်ထိုး..." ပြောပြီးမှ မမ က အဆင်မပြေဘူးဆိုတာ သတိယ သွားပြီး

" မမ ဘာစားချင်လဲ မမ စားချင်တာ စားမယ်လေ "

"ကလေး ဝက်သားတုတ်ထိုးစားချင်တယ်မို့လား လာသွားစားကြမယ် "

" ဟင် မမ က အဆင်ပြေဘူးလေ "

" ဘာလို့ အဆင်မပြေရမှာ လာ သွားစားမယ် "

မမ ခေါ်ရာ နောက်ကို ပျို လဲ လိုက်ခဲ့လိုက်သည် ။ တုတ်ထိုးဆိုင် ထိုင် လိုက်တော့ မမ က Mask ကို ချွတ်လိုက်တာနဲ့

" ဟင်...မင်းသမီး " ဆိုင်ရှင် အစ်မကြီးရဲ့ အပြောကို မမ က ပြန်ပြုံးပြလိုက်ပြီး

"ဟုတ် အန်တီ တုတ်ထိုးဘယ်လိုရောင်းလဲ "

" တစ်ချောင်း 100 ပါ "

မမ က ပျို​့ ဘက် လှည့်ပြီး

" စားလေ ကလေးလေး "

နှစ်ယောက် တုတ်ထိုးစားပြီးကြတော့ ဆိုင်ရှင်အစ်မကြီးက Photo ရိုက်ခွင့်တောင်းတာနဲ့ ရိုက်ပေးခဲ့ ရသေးတယ် ကားပေါ်ပြန်ရောက်တော့

" ကလေး ဘယ်သွားချင်သေးလဲ "

" ဘယ်မှ မသွားတော့ဘူး မမ ခွန်း အိမ်ကို သွားကြမယ်လေ "

မမ က ခေါင်းညိမ့်ပြတာကြောင့် ပျိုလဲ ကားကို အိမ်ကို သွားဖို့ မောင်းထွက်ခဲ့လိုက်သည်။

==============================

ကုဋေ လဲ လာရာလမ်းတစ်လျောက်လုံး ကလေး မေမေ ကို မျက်နှာချင်းဆိုင်ဖို့ စိတ်ပူနေမိသည် ။ ဘာပဲ ပြောပြော ခွန်းမေမေက တော့ မေးလာကြမှာပဲလေ

(ကုဋေ လဲ သက်ပြင်းသာ ကလေးမသိအောင် ခိုးချနေမိသည်)

ကလေး တို့ အိမ်ကိုရောက်တော့

"လာလာ သမီးတို့ မေမေ စောင့်နေတာ "

ကလေး ရဲ့ အမေ က ခရီးဦးကြိုပြုပေမယ့် ကုဋေ့ မှာ တော့ လိပ်ပြာမလုံဖြစ်နေရသည်။

မြေခခဲ့ရသောအသည်းပန်းOù les histoires vivent. Découvrez maintenant