အပိုင်း ၉

2.2K 126 0
                                    

ထမင်းစားခန်းရောက်တော့ မမကုဋေ နဲ့ မမနန္ဒီ တို့ နှစ်ယောက်ပဲတွေ ရတယ် မမကုဋေ က ပျို့ ကို မြင်တော့

" နွယ်နီ .."

" ရှင် "

" ခွန်းသစ်ပျို အတွက်ပါ ထမင်းခူးလိုက် "

" ရှင်....မမကြီး " နွယ်နီ က အံသြတကြီး နဲ့ မမ ကို ကြည့်နေတာ တွေ့ရတယ်

" မကြားဘူးလား ငါပြောတာ "

" ဟုတ်...ဟုတ် မမကြီး " ပြောပြီး နွယ်နီ က ပန်းကန်လေး ယူ ပျို့ အတွက် ထမင်းထည့်ပေးတယ် ပြီးတော့

" မမပျိုလာလေ " နွယ်နီ ခေါ်တော့ ပျိုလဲဝင်ထိုင်လိုက်တယ် နွယ်နီက ပျို့ ရဲ့ နားနားကပ်ပြီး

" မမပျို အရမ်းကံကောင်းတယ် ဒီထမင်းဝိုင်းကိုမိသားစုကလွဲ ပြီး မမကြီးက ဘယ်သူ့မှပေးထိုင်တာ မဟုတ်ဘူး " ကြားလိုက်တဲ့စကား ပျို မမကုဋေ ကိုလှမ်းကြည့်လိုက်တော့ မမ က ထမင်းသာ ငုံ့စားနေလေရဲ့
(ဒါကြောင့် အခုဏ နွယ်နီ ဖြစ်သွားတာကို ပျို နားလည်လိုက်သည်)

" ခွန်းသစ်ပျို "

" ရှင် " အခုဏတော့ ခွန်း လို့ ခေါ်မယ်ဆိုပြီး အမျိုးမျိုး

" ဘာတွေ တွေးနေတာလဲ ထည့်စားလေ "

" ဟုတ် " ပြောပြီး ပျို လဲ ဟင်း ထည့်ကာ စားလိုက်တော့တယ် မမနန္ဒီ က တော့ ပျို တို့ နှစ်ယောက် ကို ကြည့်ပြီး ပြုံးနေလေသည်။

ထမင်းစားပြီးကြတော့ မမ က ပဲ ပျို့ကို

" ပြီးရင် မင်း အမေ ဆီ ဖုန်းဆက်ပြီး အိပ်တော့ကြားလား "

" ဟုတ် မေမေ့ ဆီ က ဆက်ပြီးပြီ မမ "

" အွန်း အဲ့တာဆို စောစောအိပ် မနက်ကျ ရင်လာမနှိုးနဲ့ နိုးမှ ဖုန်းဆက်လိုက်မယ် "

" ဟုတ် " ကိုယ့် အခန်းကိုယ်စီ ဝင်ရင် အိပ်လိုက်ကြတော့တယ်

===================

မနက် ပျို နိုးတော့ စောစောစီးစီး ထ နေကြသူ ပီပီ ၆ ခွဲ ပဲ ရှိနေသေးသည် မေမေ လဲ နိုးလောက်ပြီ ဟု တွေး ကာ မေမေ့ ဆီ ကို ဖုန်းခေါ်လိုက်တယ်

" ဟဲလို သမီးလေး "

" မောနင်း မေမေ "

" မောနင်း သမီး နေကောင်းတယ်မဟုတ်လားသမီးလေး "

မြေခခဲ့ရသောအသည်းပန်းOnde histórias criam vida. Descubra agora