အပိုင်း ၂

2.7K 142 0
                                    

တစ်ဖက်မှ ထူးသံကြားသော ပျို လဲ

" ဟုတ် မနေ့က Manager ခေါ်တဲ့စာလေးတင်ထားလို့ ဖုန်းဆက်လိုက်တာပါ အလုပ်လျောက်ချင်လို့ "

" ok မင်း က ဘယ်မှာနေတာလဲ " ဒါ ဆူးပန်းကုဋေ ရဲ့ အသံတော့ မဟုတ်ဘူးဆိုတာ ပျို သိတယ်

" ပျို က ဗဟန်း မှာ နေတာပါ "

" ok နေ့လည် ၂ နာရီ ကို...... အိပ်ယာ ကို လာခဲ့ပေးပါ "

" ဟုတ်ကဲ့ရှင့် " ပျိုလဲ ပြောဖုန်းချလိုက်တော့တယ် ပျို့မှ အဆင့်သင့်ရှိနေတဲ့ CV From လေး တွေ နဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေယူကာ File လေးထဲ စုထည့် လိုက်တယ်

" မေမေ "

" ဟေ "

" ၂ နာရီ Interview လာခဲ့တဲ့ မေမေ "

" အေးအေး သမီး ကိုယ်က အလုပ်လိုချင်တဲ့သူဆိုတော့ အစစအရာရာ သည်းခံပါနော် သူက မာန ကြီးတယ် လို့ သတင်းတွေ ထွက်နေတယ် "

" စိတ်ချပါ မေမေ..... "
================

မနက် ဆယ်နှစ်နာရီ ထိုးသည့် အထိ  တောက်လျောက်ဝင်နေတဲ့ အလုပ်လျောက်ဖုန်းတွေကို  ညီအစ်မ နှစ်ယောက် တစ်လှည့်ဆီ ​ဖြေရင်း ခေါင်းပင် ကိုက်လာခဲ့ ပြီ

" ဖုန်းပိတ်လိုက်တော့ နန္ဒီ "

" ဟင် ဘာလို့လဲ မမ ရဲ့ "

" ခေါင်းကိုက်နေပြီ "

" ဖုန်းက ပိတ်လို့မရဘူးလေ ၂ နာရီထိုးအရောက် ခေါ်ထားတာဆိုတော့ လာကြရင် ဖုန်းဆက်ကြမှာ မမ နားရင်နားလေ နန္ဒီ စီစဥ်ထားလိုက်မယ် "

" အေးအေး အဲ့တာဆို ငါ နားတော့မယ် "
နန္ဒီ မရှိပဲနဲ့ ကုဋေ အစစအရာရာ အဆင်ပြေပါ့မလား လို့ တွေးပြီးစိတ်ပူရတယ် အခု သွားတော့မယ် ဆိုတာနဲ့တောင် ကုဋေ ဒီလောက်ခေါင်းခြောက်နေရတာ အလုပ်ခေါ်မယ့် သူက ရော နန္ဒီ လို အစစအရာရာ အဆင်ပြေပါ့မလား ( ဟူး....ငါဘယ်လိုလုပ်ရပါ့မလဲ) ကုဋေ လဲ စိတ်အရမ်းပင်ပန်းလာတာကြောင့် ရေချိုးမယ် ဟု တွေးပြီး ရေချိုးလိုက်တော့မယ်

ကုဋေ တို့ ညီအစ်မ နှစ်ယောက် ထမင်းစားသောက်ပြီး နာရီကြည့်လိုက်ကြတော့ ၂ နာရီ ထိုးဖို့ ၁၅ မီးနစ်သာလိုတော့တယ်လေ

မြေခခဲ့ရသောအသည်းပန်းWhere stories live. Discover now