အပိုင်း ၁၈

2.3K 111 0
                                    

ပျို လဲ ဘယ်သူ့ကိုမှ စကားမပြောပဲ ကားကိုသာ အာရုံစိုက်မောင်းလာတာ နေပြည်တော်ကို တောင် ရောက်လေပြီ

မမ က တော့ ဟိုလူကြီးဆီက ဖုန်းလာလိုက် ဘယ်ရောက်ပြီ ဖြေလိုက်နဲ့ တော်တော်လေး အလုပ်ရှုပ်နေရှာတယ် ပျိုကိုလဲ စကားတစ်ခွန်းမှ မပြော.....

နေပြည်တော် ရောက်တော့ တစ်နာရီကျော်နေပြီ မို့ ထမင်းစားရန် ကားကို ဆိုင်ရှေ့ မှာ ထိုးရပ်လိုက်တယ်.......

မာမီ က တော့ ထုံးစံအတိုင်း နောက်ခန်းမှာ အိပ်လို့ ပျိုလဲ

"မာမီ နေပြည်တော်ရောက်ပြီ ထမင်းစားနားတာ" လို့ပြောပြီး နှိုးလိုက်တယ် မမ ကလဲ ဘာစကားမှ မပြောပဲ ကားတံခါးဖွင့်ကာ ဆင်းသွားတာမို့ ပျို တို့လဲ မမ ထိုင်နေတဲ့ဝိုင်းမှာ သွားဝင်ထိုင်လိုက်တယ်

စာပွဲထိုးလေး အနားရောက်လာမို့ မှာစရာရှိတာတွေ မှာပြီးနောက်

" ခွန်းသစ်ပျို " မမ ရဲ့ခေါ်သံကြောင့်

" ဟုတ် "

" Toliet သွားချင်လို့ ခဏလိုက်ခဲ့ "

" ဟုတ် "

" မာမီ ခဏနော် " မမ က မာမီ့ကိုပါလှည့်ပြောပြီး ရှေ့ကထွက်သွားတာမို့ ပျိုလဲ လိုက်ခဲ့လိုက်တယ်

Toliet ရောက်တော့ High Way Car တွေ မနားသေးတာကြောင့် လူရှင်းနေသည် ။ မမ က ရုတ်တရတ်ရပ်လိုက်ပြီး ပျို့ ဘက်ကို လှည့်ကာ

" မင်း ဘာဖြစ်နေတာလဲ "

" ပျို ဘာမှ မဖြစ်ပါဘူး မမကုဋေ "

" မင်း ငါ့ကို မရွဲ့နဲ့နော် "

" ပျို က ဘာရွဲ့နေလို့လဲ မမကုဋေ ကို ရွဲ့ပိုင်ခွင့် ပျို့မှာရှိလို့လား "

" မင်း.....တောက်စ် ဘာလဲ ညက ကိစ္စကြောင့် မင်းငါ့ကို မခန့်လေးစားလုပ်နေတာလား "

" ဘာမှ မဆိုင်တာတွေ လာမပြောပါနဲ့ ပျို ဘာလုပ်နေလို့လဲ "

" မင်း ကို လူရှေ့မှာမို့ နာမည်ခေါ်မိတာ ငါမှားလို့လား မင်းကိုအစောကြီးထဲက ငါကြိုပြောပြီးသား "

" အဲ့ကိစ္စ ကို ပျို ခေါင်းထဲမှာတောင် မရှိဘူး "

" ဒါဆို မင်းဘာဖြစ်နေတာလဲ " ပျို တို့ တစ်ယောက်တစ်ခွန်း စကားများနေချိန်မှာပဲ မမ ရဲ့ လက်ထဲ ဖုန်း လေး Ring မြည်လာသည် ။ မမ ကို ဖုန်းကို ကြည့်လိုက်ပြီး စိတ်ပျက်သွားသလိုဖြစ်သွားတာကြောင့် ဦးထင်လင်းသာ မှန်း ပျိုသိလိုက်တာမို့

မြေခခဲ့ရသောအသည်းပန်းWhere stories live. Discover now