အပိုင်း ၁၄

2.2K 120 0
                                    

High Way လမ်းအတိုင်းမောင်းလာရင် မမ ကို လှည့်ကြည့်လိုက်တော့ ကူရှင်ကိုမှီပြီးမှေးနေရှာတယ် (အားကိုးရမလားမှတ်တယ် ငိုက်မှာစိုးလို့စကားပြောပေးမယ်ထင်တာ)  ပျို လဲ ကြည့်လိုက်ပြီး နှုတ်ခမ်းလေး မဲ့လိုက်မိသည်။နောက်က မာမီကလဲ ​ကားမူးတက်လို့ဆိုပြီး ကားထွက်ထဲ က အိပ်တာ ပြောမနေနဲ့တော့

" မမကုဋေ"

"ဟင် " မျက်လုံးမဖွင့်ပဲ ပျို့ကိုထူးတယ်

" ၁၁၅ မိုင် ရောက်ရင် နားဦးမှာလား မမကုဋေ " ည ၇ နာရီ ကျော်နေပြီ မိုင် ၁၀၀ လောက်လဲ ရောက်နေပြီ မို့ ပျို မေးလိုက်ခြင်းဖြစ်သည်။

" အင်း နားမယ်လေ တစ်ခုခုလေးစားရအောင် အခု ဘယ်ရောက်ပြီလဲ "

" ၁၀၃ မိုင် ပါ မမကုဋေ "

" အင်း ၁၁၅ မိုင် ရောက်လဲ နားလိုက် "

" ဟုတ် မမကုဋေ " ပျို လဲ ပြောပြီး မိုးချုပ်လာတာမို့ ကားကိုဂရုတစိုက်မောင်းနှင်နေသည် ။ တစ်ချက်ချက် မမ ရဲ့ မျက်လုံးမှိတ်ထားတဲ့ မျက်နှာလေး ကို ပျို့ ရင်ကိုလှုပ်ခတ်စေတာတော့အမှန်

၁၁၅ မိုင် ရောက်တော့ Daw Moe လယ်တော သို့ ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်လေး အတိုင်း ပျိုလဲ မောင်းဝင်ခဲ့လိုက်တယ်

ဆိုင်ရှေ့ ရောက်တော့

" မမကုဋေ ရောက်ပြီ " မမကုဋေ ကို ပြောပြီး နောက်ခန်းမှာအိပ်နေတဲ့ မာမီ့ ဘက်လှည့်ကာ

" မာမီ ၊ မာမီ "

" ဟင်!  " အိပ်ချင်မူးတူး နဲ့ မာမီက ထူးတာပေါ့

" မာမီ ထ တော့ ကလောရောက်ပြီ " ပျို က စ လိုက်သည်

" ဟင် တကယ်ကြီးလား " အံသြတကြီး ထ ထိုင်ပြီးမေးတဲ့ မာမီ့ကို ကြည့်ပြီး ပျို ရယ်လိုက်တော့တယ်

" စတာပါ မာမီ ရယ် ၁၁၅ မိုင် ရောက်တာ ထမင်းစားနားတာ " ဟုပြောပြီး ပျို က ကားကို စက်သတ်လိုက်သည် ။ မမ လဲ ကားပေါ်က ဆင်းနေပြီ မို့ ပျိုလဲ မမနောက်က လိုက်ဆင်းခဲ့သည်။ မာမီကလဲ အနောက်က ဆင်းလိုက်လာတာမို့ ပျို ကားကို Lock ချပြီး မမ က Toliet ဘက် သွားနေတာမို့ ပျို လဲ လိုက်ခဲ့လိုက်တယ်

မြေခခဲ့ရသောအသည်းပန်းWhere stories live. Discover now