Ep....4

143 16 0
                                    

Zawgyi

Chanyeol ရွာလူကြီး လိုက်ပြတဲ့ အိမ်လေး ကြည့်ပြီး သက်ပြင်းချမိသည်။လူမနေတာ ကြာပြီမို့ ဖုန်များက နေရာအနှံ့ပင့်ကူမျှင်များကလဲ ရှုပ်ထွေးနေသည်။သူနေထိုင်ခဲ့တဲ့ အိမ်နဲ့ယှဉ်ရင် သူ့တစ်ခန်းစာတောင် မရှိပေ။ဘာဘဲဖြစ်ဖြစ် သူရွေးချယ်ခဲ့တဲ့ လမ်းမို့ သူသေချာပေါက် နေသားကျအောင် နေမှာ။

"အဆင်ပြေရဲ့လား ကောင်လေး"

ဦးလေးကင်မ်ရဲ့ အမေးကို ခေါင်းသာညိတ်ပြလိုက်သည်။

"ဒါဆို ဦးလေးသွားပြီ ပထမဆုံးဆိုတော့ တစ်ယောက်ထဲ နေဖို့ အဆင်ပြေရဲ့လား တစ်ယောက်ယောက်လွှတ်ပေးရမလား"

"ရပါတယ် မလွှတ်ပါနဲ့ "

"အေး ဒါဆို ဦးလေးသွားပြီနော်"

"ကောင်းကောင်းပြန်ပါ"

ရွာလူကြီး ပြန်သွားတော့ chanyeol အထုတ်အပိုးတွေချကာ သန့်ရှင်းရေးစလုပ်ဖို့ ပြင်တော့သည်။
ဖုန်မှုန့်တွေ လှည်းကျင်းကာ ပင့်ကူမျှင်များကိုလဲ လှဲချရနဲ့ ညနေ၅နာရီလောက်မှ ရှင်းလို့ ပြီးစီးသွားသည်။ချွေးသံတရဲရဲ ဖြစ်နေတဲ့ သူ့ခန္ဓာကိုယ်ကို ရေမိုးချိုးကာ ညစာအတွက် တစ်ခုခုဝယ်ဖို့ ထွက်လာလိုက်သည်။

သူလာတုန်းက ရွာထိပ်နားမှာ ဈေးဆိုင်တစ်ဆိုင် တွေ့ခဲ့တယ်လေ။အဲ့မှာဘဲ တစ်ခုခုသွားကြည့်ရမှာဘဲ။အခု သူနေတဲ့ အိမ်က ရွာရဲ့ အလယ်လောက် နားမှာ ရှိသည်။ဟိုကောင်လေးရဲ့ အိမ်ကတော့ ရွာရဲ့ အနောက်ဘက်လောက်မှာရှိသည်။သူအိမ်နဲ့ တော်တော်တော့ လှမ်းသည်။

Chanyeol ဈေးဆိုင်သွားရာ လမ်းတစ်လျှောက် တွေ့သမျှ လူတွေက သူ့ကို အထူးအဆန်းအနေနဲ့ ကြည့်သွားကြသည်။

ဈေးဆိုင်ကို ရောက်တော့ ဆိုင်ရှေ့မှာ လုပ်ပေးထားတဲ့ ခုံလေးမီာ ထိုင်နေတဲ့ မနက်က Beakhyunဆိုတဲ့ ကောင်လေးနဲ့ နောက်ထပ် ကောင်လေး တစ်ယောက်ကို တွေ့လိုက်သည်။
သူ့ကို မြင်တော့ သွားဖြဲကာ ပြုံးပြသည်။chanyeolလဲ တစ်ချက်ကြည့်ပြီး ဈေးဆိုင်ထဲ ဝင်လာလိုက်သည်။

"kai အဲ့တာလေ ငါ့ပြောတဲ့ လူဆိုးလေ"

beakhyunက ဘီယာသောက်နေတဲ့ kaiကို ကပ်တိုးလေး ပြောလိုကာသည်။

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာWhere stories live. Discover now