Ep....32

96 11 1
                                    

Zawgyi

"ဝုန်းးးးးး"

"လူပါးဝလိုက်တဲ့ဟာတွေ တောက်စ်....သက်သက်ငါ့ကို အရှက်ခွဲတာ "

Mihee ပစ္စည်းတွေ ပစ်ပေါက်ကာ ဒေါသဖြေနေသည်။
Chanyeolရဲ့ သတင်းစာရှင်းလင်းပွဲကိုလဲ သူကြည့်ပြီးပြီ....လှောင်ရယ်ဖို့ ကြည့်ပင်မယ့် နောက်ဆုံး သူကသာ လှောင်ရယ်စရာဖြစ်သွားသည်။သူ့ဆီ သတင်းစာတိုက်တွေက လာတဲ့ဖုန်းတွေကို လစ်လျူရှုလိုက်သည်။

"ဝုန်းးး"

"သွားလို့မရပါဘူးဗျ"

တံခါးကို ဝုန်းကနဲ ဖွင့်လိုက်တဲ့ အသံနဲ့အတူ အခန်းထဲ ဒေါသတကြီး ဝင်လာတဲ့ သူသတင်းပေးလိုက်တဲ့ Parkကုမ္ပဏီရဲ့ ပြိုင်ဘက် ဥက္ကဌပေ။

"ငါ့ကိုလွှတ်စမ်း ....တောက်စ်...မင်းပြောတော့ Parkကုမ္ပဏီ အစိတ်စိတ် အမွှာမွှာဖြစ်မှာဆို အခု ဖြစ်နေတာ ငါ့ကုမ္ပဏီကွ.....ငါ့မိန်းမက ကွာရှင်းခွင့်တောင်းနေပြီ......မင်းစတဲ့ ဇာတ်လမ်း မင်းရှင်းပေး "

သူ့လူတွေ ဆွဲနေတဲ့ ကြားထဲက အော်ဟစ် သောင်းကျန်းနေတဲ့ ထိုဥက္ကဌကို Mihee စိတ်ပျက်သလို ကြည့်ပြီး အနားကိုသွားလိုက်သည်။

"ကျွန်မက ဘာကိစ္စရှင်းပေးရမှာလဲ.....အဲ့ကိစ္စက ရှင့်လူတယာက်ယာက်ရဲ့သစ္စာဖောက်မှုကြောင့်လေ.....ရှင်မသိဘူးလား အဲ့vdက ရှင့်ကား Black boxက ရထားတာလေ ...ပြီးတော့ ကိုယ့်ကိစ္စကိုယ်ရအောင်ရှင်း"

"လူယုတ်မာမ မင်းပြောတော့ ဘာကိစ္စဖြစ်ဖြစ် မင်းရှင်းပေးမယ်ဆို"

"ယုံနေတာလား ဟားးးးးကုမ္ပဏီတစ်ခုလုံးကိုတောင် ဦးစီးနေပြီး မိန်းမ တယောက်ကိုလွယ်လွယ်နဲ့ ယုံကြည်ကတည်းက ရှင် Parkလုပ်ငန်းစုကို ဘယ်တော့မှ မနိုင်ဘူး .......ခေါ်ထုတ်သွားလိုက်စမ်း....နောက်တခါ ငါ့နေရာကို ဘာမယုတ်တဲ့လူတွေ လွယ်လွယ်မဝင်စေနဲ့"

Mihee အကြံတစ်ခု မြန်မြန်ထုတ်ရတော့သည်။သူအိမ်ကိုပြန်မှဖြစ်မယ် ....parkသခင်ကြီးကို သေချာ ပြန်ကပ်ရမယ်....

Mihee ပိုက်ဆံအိတ်ကို ယူပြီး Parkစံအိမ်ကို ပြန်လာလိုက်သည်။ကားပေါ်က မဆင်းခင် မျက်ရည် အတုများဖြင့် သေချာလုပ်ပြီး ငိုယိုပြီး ကားပေါ်က ဆင်းလာသည်။

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာWhere stories live. Discover now