Final

115 6 2
                                    

Zawgyi

ဒီနေ့က အကုန်လုံး ပျော်ရွင်စေတဲ့နေ့လေး တစ်နေ့ပေါ့....
အားလုံးရဲ့ မျက်နှာမှာ အပြုံးပန်းတွေ ဝေဆာလျက်

"Beak စိတ်လှုပ်ရှားနေလား"

လက်ဖဝါးအချင်းချင်း ပွတ်နေတဲ့ Beakကို မေးရင်း ပွတ်နေတဲ့ လက်ကလေး ဆွဲယူလိုက်သည်။

"အွန်း နည်းနည်း"

နည်းနည်းလို့ ပြောပင်မယ့် လက်တွေအေးစက်နေတဲ့ Beakကို သူအမြတ်တနိုးကြည့်မိသည်။Beakဝတ်ထားတဲ့ အဖြူရောင် အနောက်တိုင်း ဝတ်စုံလေးက သူနဲ့ ဆင်တူပင်။

သတို့သမီးလို အများကြီး ပြင်ဆင်စရာလဲ မရှိတာကြောင့် သူတို့နှစ်ယောက်လုံး ဘာမှကို မခြယ်သထားပေ။ဒါပင်မယ့် Beakရဲ့ မျက်နှာလေးကတော့ ကြည်လင်နေပြီး ပါးက အနည်းငယ် ပန်းရောင်သမ်းနေသည်။နှုတ်ခမ်းတို့ဟာလဲ သဘာဝအတိုင်း နီရဲနေသလို ညက သူနမ်းထားတာကြောင့် အနည်းငယ် ပေါက်ပြဲနေသည်။

ဒီကိစ္စလဲ မနဲ ချော့ထားရတာ.....မနက် မင်္ဂလာဆောင်ကို နှုတ်ခမ်းပေါက်အောင် နမ်းလို့တဲ့လေ....လူတွေအများကြီးရှေ့ နှုတ်ခမ်းပေါက်နေတာက ရှက်စရာကြီးဆိုပြီး စိတ်ဆိုးသွားလေရဲ့......

မျက်နှာငယ်လေးနဲ့ ချော့ကာမှ စိတ်ဆိုးပြေတယ်....
ဒီလူကလဲ ပေါက်ပြဲပြီး အသားနာအောင် လုပ်ချင်ပါ့မလား
Beakနှုတ်ခမ်းကိုက နမ်းလို့မဝသလို နမ်းရင်းနဲ့ အားပါသွားမိတာကို......

"Beak ....ကိုယ့်ကိ ချစ်လားဟင်"

"မချစ်မှတော့ ဒီအခန်းထဲတောင် ရောက်နေပါ့မလား.....စိတ်လှုပ်ရှားရတဲ့ကြားထဲ ဘာတွေ မေးမှန်းမသိဘူး"

"ဟားးးးကိုယ်က Beak အာရုံပြောင်းအောင် မေးတာပါကွာ......Beak"

".ဟင်"

"ကိုယ်အနား တစ်သက်လုံး ရှိနေပေးနော်...."

"အွန်း ရှိနေပေးမယ်.....Yeolလဲ Beakအနားမှာဘဲ နေပေး"

ဒေါက်....ဒေါက်...

"အမယ် အကြည်စိုက်နေကြတယ်ပေါ့  မင်္ဂလာပွဲလေးတော့ ပြီးအောင် လုပ်ပါအုံးဗျာ"

"မင်းကဘဲ ငါ့ပြန်ပြောသေးတယ်.....မင်းလို မယူရသေးဘဲ
သူများအိမ်ထောင်စု စာရင်းထဲထိ မဝင်ဘူး"(မယူရသေးဘဲ စားတာကို ပြောတာပါ)

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာWhere stories live. Discover now