Ep...31

96 10 1
                                    

Zawgyi

"သခင်ကြီး"

မနက်စားစားသောက်ပြီးလို့ ဧည့်ခန်းထဲ မင်္ဂလာပွဲကိစ္စ စကားပြောနေတဲ့ အချိန် သူ့အတွင်းရေးမှူးအသစ်က အသဲအသန်ပြေးဝင်လာသည်။

"ဘာဖြစ်တာလဲ "

"ဟို...ဟို...ဒီမှာပါ"

အတွင်းရေးမှူးက ဖုန်းထဲက သတင်းတခုကို ပြလာသည်။
ထိုသတင်းက "Parkစံအိမ်ရဲ့ တဦးတည်းသော အမွေဆက်ခံသူက ယောကျာ်းချင်း ချစ်ကြိုက်နေသည်"
ဆိုတဲ့ ခေါင်းစဉ်များဖြင့် Chanyeolသတင်းကို ရေးသားထားသည်။

commetမှာလဲ "ငါတော့ အားကျလိုက်ရတာ သူက gayတဲ့လား" "ပိုက်ဆံရှိ ချမ်းသာပြီး အရာရာပြည့်စုံပင်မယ့် gayဖြစ်နေတယ်ကွာ " "ရွံလိုက်တာ" စတဲ့ commetများ ဖြစ်နေသည်။

"အခု ရှယ်ယာရှင်တွေ ပြသာနာရှာနေကြပါတယ် သခင်ကြီး"

"တောက်စ် Miheeလက်ချက်ဘဲ ဖြစ်မယ် "

"ထားလိုက်ပါ ဒယ်ဒီ ကျွန်တော်လဲ ဖုံးကွယ်ထားဖို့ ဆန္ဒမရှိဘူး ....သတင်းစာရှင်းလင်းပွဲလုပ်ပေးပါ "

"အွန်းး မင်းဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ် "

ဒယ်ဒီစကားကြောင့် Chanyeol ပြုံးလိုက်သည်။
နောက်ဆုံးတော့ ယုံကြည်ပေးပြီ....ဒယ်ဒီဆီက ယုံကြည်ချက် ရရှိခဲ့ပြီ.....

~~~~~~~~~~~~~~~~~~
"Beak အကျီလဲတော့လေ"

ကုတင်ပေါ် ငူငူကြီးထိုင်နေတဲ့ Beakကြောင့် Chanyeolအကျီလဲရင်း လှမ်းပြောလိုက်သည်။

"Yeol ....အဆင်ပြေပါ့မလားဟင်....ငါ့အတွက်နဲ့ ကုမ္ပဏိထိခိုက်နိုင်တယ်မလားဟင်..."

Chanyeol ကုတင်ပေါ်တတ်ပြီး Beakလက်လေးကိုင်လိုက်သည်။

"ဘာမှမဖြစ်ဘူး.....အဆင်ပြေသွားမှာပါ Beakရဲ့.....
Beakသာ ကိုယ့်အနားရှိနေပေး......ကုမ္ပဏီထိခိုက်ရင်လဲ ကျန်နဲ့လုပ်ငန်းတွေမှ အများကြီးဘဲ.....Beakမရှိရင်ကျ ကိုယ်ထိခိုက်မှာ.....ကိုယ့်နှလုံးသားလေးက Beakမရှိရင် အားနည်းနေမှာ"

Beakရယ်လိုက်သည်။Yeolက သိပ်ပိုတာဘဲ

"ပိုလိုက်တာ"

"မပိုပါဘူး.....တကယ်ပြေတာ.....ကိုယ့်နဲ့အတူတူ ရင်ဆိုင်ပေးပါ.....ကိုယ်ပင်ပန်းလာရင်တောင် Beakကိုယ့်ဘေးနားရှိနေပေးရင် ကိုယ်အကုန်ရင်ဆိုင်နိုင်တယ်"

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာWhere stories live. Discover now