Ep...16

109 11 2
                                    

Unicode

Beakhyun အိမ်ပြန်ရောက်ကတည်းက စောင်ကို ခေါင်းမြှီးခြုံနေမိသည်မှာ ဘယ်နှစ်နာရီ ရှိပြီမှန်းမသိ......

အဖွားဆူနေတာတွေကိုလဲ လစ်လျူရူထားလိုက်သည်။Yeolအိမ်က ပြန်လာကတည်းက အခုထိ ရင်ခုန်နေတာ မပျောက်သေး......

တဒိတ်ဒိတ်နဲ့ ခုန်နေနဲ့ ရင်တစုံကို အခုထိ သူမထိန်းချုပ်နိူင်သေးပေ။အစကတည်းက Yeolကို မြင်တာနဲ့ အမြဲတမ်း ရင်ခုန်ချင်သလိုလို ဖြစ်နေတဲ့သူက အခု ဘယ်လို ရင်ဆိုင်ရမလဲ......

"ရည်းစားစကားပြောတာကလဲ မRoတတ်လိုက်တာ ဒါပင်မယ့်လဲ....ဟီး....မroတတ်တာတောင် ငါဒီလောက် ရင်ခုန်နေတာ roတတ်ရင် ငါတော့ ရင်အခုလွန်ပြီး သေသွားမလာဘဲ ....ဟီးးး......ရားးးbeakhyun ရူးနေလား.....ရင်သိပ်မခုန်စမ်းနဲ့ .....ဘယ်သူဘယ်ဝါမှန်းတောင် သေချာမသိသေးတဲ့ လူကို ရင်မခုန်စမ်းနဲ့......ဒါပင်မယ့်လဲ လူကောင်းဆိုတာတော့ ကျိန်းသေပါတယ်လေ.....သေချာပေါက် အသိုင်းအဝိုင်း ကောင်းကာင်းထဲက လူတစ်ယောက်ပုံစံပါ......."

Beakhyunတစ်ယောက်ထဲ အကုန် လျှောက်တွေးနေမိသည်။အဖွားရဲ့ "အခုချက်ချင်း ထမလာရင် ညစာ မကျွေးဘူး "ဆိုတဲ့ အသံကြောင့် Beakhyun အတွေးထဲက ရုန်းထွက်ပြီး ထရတော့သည်။

"တော်သေးတယ် ထလာသေးတယ်.....တကတည်း ပြန်ရောက်ကတည်းက ဘာဖြစ်နေမှန်းကို မသိဘူး"

အဖွားရဲ့ ဆူပူသံလေးကို သွားပါ ဖြဲပြလိုက်သည်။

အဖွားနဲ့ညစာစားရင်း ကြက်ဥလိပ်လေး ယူလိုက်တော့ ကြက်ဥလိပ်မှာ Yeolမျက်နှာကြီး ပေါ်လာသည်။

စားမယ့် စဲစဲ လန့်သွားသည်။မျက်လုံးသေချာ ပွတ်ကြည့်မှ ဘာမှမရှိ။"အော်......ရည်းစားစကားပြောသေးလို့ ငါလဲ တော်တော် အခြေအနေဆိုးနေပါလား" လို့ တွေးပြီး ရယ်လိုက်သည်။

"ဘာဖြစ်ပြန်တုန်း....ရောက်ကတည်းက စောင်ကြီး ခြုံပြီး တဟီးဟီနဲ့ ရယ်နေတာ အခုလဲ ရယ်ပြန်ပြီ .....ရူးနေတာလား"

"အဖွားကလဲ မရူးပါဘူးနော် ...တဟီးဟီးဆေး ရလာတာ"

"ပေါက်ပန်းလေးဆယ်တွေ.....ထမင်းသေချာစား....ဒါနဲ့ လူချောလေးကို သွားဝိုင်းကူတာ အဆင်ပြေလား."

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာWhere stories live. Discover now