Ep....34

83 7 2
                                    

Zawgyi

ဘယ်သွားသွား တကောက်ကောက်လိုက်နေပြီး ခွဲစိတ်ခန်း ဝင်တဲ့ အချိန်ဘဲ သူ့နားမကပ်တဲ့ Kaiကို သူလက်မြှောက်မိသည်။ခွဲစိတ်ခန်းတောင် အပြင်လူဝင်လို့ရင် Kai လိုက် ဝင်အုံးမှာ......roundလှည့်ရင်လဲ တကောက်ကောက်မို့ လူနာတွေနဲ့တောင် သူက ရင်းနှီးနေပြီ......

လိုက်လိုက်စနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေကြောင့်လဲ Kyungsooမှာ ရှက်တာ ပြောမနေနဲ့.......

အခုလဲ ခွဲစိတ်ခန်းဝင်ရတာမို့ ရုံးခန်းထဲမှာ ကျန်နေခဲ့တာ....

"Dr.Do ရဲ့ ကျွမ်းကျင်မှုကတော့ အံ့မခန်းပါဘဲ"

"မဟုတ်တာဗျာ"

ပါမောက္ခကြီးရဲ့ ချီးကျူးစကားကို Kyungsooဂုတ်လေးကုန်ကာ ပြန်ဖြေလိုက်သည်။

ကျွီ.....

"ရောက်လာပြီလား.....ကော်ဖီဝယ်ထားတယ် "

တံခါးဖွင့်လိုက်တာနဲ့ သူ့ဆီ ပြေးတဲ့ Kaiကြောင့် နဲနဲရယ်ချင်သွားသည်။သား အိမ်အပြန်လာကို စောင့်နေတဲ့ အမေကြီးလိုဘဲ.....

"Chanyeolတို့ မင်္ဂလာပွဲနီးပြီနော် "

"ဟုတ်တယ် တစ်ခါမှတောင် မရောက်သေးဘူး.....ညမေပြန်ရင် သွားရအောင် ဒီည duty offတယ်"

"Duty offရင် ငါနဲ့ dateမယ်လေ "

"Chanyeolတို့ဆီတော့ အကျိုးအကြောင်းသွားမေးပြီ ကူညီရအုံးမယ်လေ"

"ဟွန့် ...ရှားရှားပါးပါးလေး offတာကို ငါ့ကို အချိန်ပေရမှာပေါ့"

နှုတ်ခမ်းကြီး ဆူကာ ဟိုဘက်လှည့်သွားသည့် Kaiကြောင့် Kyungsooတို့ ချော့ရတော့မယ်.......

"အယ် မင်း တချိန်လုံး ငါ့ဘေးမှာ ရှိနေတာကို အချိန် ပေးရအုံးမှာလား.....အိမ်ယာသွားရင်တောင် နောက်က လိုက်နေတဲ့ဟာကို"

"တူမလား....ငါလဲ သူများချစ်သူတွေလို အပြင်လေးသွား ရုပ်ရှင်လေးကြည့် လက်လေးတွဲပြီး လမ်းအတူတူလျှောက် ...အဲ့လိုလေးတွေ လုပ်ချင်တာပေါ့"

"အွန်းအွန်းးးဟုတ်ပါပြီ....ဒါဆိုရင် Chanyeolတို့ ခဏဘဲ သွားမယ်လေ ပြီးရင် မင်းနဲ့ လျှောက်လည်မယ်"

"တကယ်နော်....."

"တကယ်ပေါ့ အခုတော့ အလုပ်လုပ်အုံးမယ်"

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာWhere stories live. Discover now