Ep....30

76 7 0
                                    

Zawgyi

သူ့လူ လာပြတဲ့ ဓာတ်ပုံကြောင့် Mihee ဒေါသထွက်ပြီး အခန်းထဲက ပစ္စည်းတွေ အကုန် ဖျက်စီးနေမိသည်။

"တောက်စ် ဒီလောက် သေချာလုပ်ထားတာတောင် ဒီကောင်လေးက အိမ်ပေါ်ရောက်လာသေးတယ်.......တောသားကများ ငါ့ကို လာယှဉ်ချင်နေသေးတယ် ....အားးးးးး"

ဒီနေ့ သူ့ကို တိုက်ခန်းမှာ သွားနေလို့ ပြောတဲ့ parkအဖိုးကြီးကြောင့် ပိုဒေါသထွက်သည်။တကယ်ဆို သူလဲ Parkသခင်ကြီးရဲ့ တရားဝင်မိန်းမဘဲလေ........

Chanyeolလက်ထပ်ဖို့ ကိစ္စဆိုရင်တောင် သူကို တခါတည်း မိတ်ဆက်သင့်တယ် မဟုတ်လား....အခုဟာက သက်သက်ဖယ်ထားတာ.....

တခုတော့လဲ ကောင်းပါတယ်......Chanရဲ့ မိထွေးနေရာနဲ့ မမိတ်ဆက်ရရင် မိန်းမနေရာနဲ့ မိတ်ဆက်မှာပေါ့ အဟက်....

Miheeဖုန်းကို ယူပြီး လူတစ်ယောက်ဆီ ဆက်လိုက်သည်။

"ဟယ်လို.....Parkအိမ်တော်ရဲ့ လျှို့ဝှက်ချက် သိချင်လား"

အဟက်.....ယောကျာ်းတစ်ယောက်က ယောကျာ်းတစ်ယောက်ကို ယူရင် ဘယ်လိုရိုက်ခတ်မလဲ သေချာမသိတာလဲ Parkသခင်ကြီးရဲ့.....

နောက်နေ့ Mihee အိမ်တော်ကို ပြန်သွားတော့ မနက်စာ စားနေတာနဲ့ တိုးသည်။

"မနက်စာတောင် စားနေကြပြီလား ...."

ဘယ်သူမှ သူ့ကိုစကားပြန်မပြောပင်မယ့် သူကတောပ စားပွဲမှာ ဝင်ထိုင်ပြီး ကော်ဖီခွက်တောင်းလိုက်သည်။

"နောက်ဆုံးတော့ အိမ်ပေါ်ရောက်လာပြီပေါ့"

မုန်ုတစ်ခုကို စားရင်း Beakhyunကို ကြည့်ပြီး ပြောလိုက်သည်။

"မင်းနဲ့ ဘာဆိုင်လဲ "

Chanyeolရဲ့ စကားကြောင့် Miheeပြုံးလိုက်သည်။

"ကိုယ်က ဘာပြောလို့လဲ ဒေါသမကြီးစမ်းပါနဲ့ Yeolရယ်.....ကိုယ့်ချွေးမ အယ် ကိုယ့်သမက်ကို မိတ်ဆက်နေတာကို"

"တောက်စ်"

"Mihee စားစရာရှိတာစား ပြသာနာမရှာနဲ့ ပြီးရင် မင်းရှင်းရမှာရှိတယ်"

Parkသခင်ကြီး စကားကြောင့် Miheeက ကော်ဖီကို တငုံသောက်က ပြုံးစစနဲ့ ဆိုလာသည်။

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာWhere stories live. Discover now