Ep...12

99 13 1
                                    

Zawgyi

Kaiအဖေရဲ့ ကားနဲ့ သူတို့ ဆိုးလ်ကို ထွက်ခဲ့ကြသည်။ကားက အကောင်းစားတော့မဟုတ်ပင်မယ့် ပစ္စည်းတင်တဲ့ ကားအမျိုးအစားမို့ ကားခေါင်းခန်းမှာ ၃ယောက်ထိုင်ရသည်။

Kaiက ကားမောင်းသိပ်မကျွမ်းဘူး ဆိုတာကြောင့် Chanyeolသာ ကားမောင်းရသည်။မနက်အစောကြီး ထွက်လာကြတာမို့ Kaiရော Beakရောက အိပ်ပျော်နေကြသည်။

ကားကို လမ်းဘေး ခဏရပ်ကာ ဘေးနား အိပ်ပျော်နေတဲ့ Beakကို အနွေးထည်လေး ခြုံပေးထားလိုက်သည်။
ပြတင်းပေါက်ဘေးမို့ လေပိုဝင်ပြီး လက်နှစ်ဖက် ယှက်ကာ အိပ်နေသည့် Kaiကိုတော့ လစ်လျူရှုလိုက်သည်။
(kai be like...ကျေးဇူးပါ)

4နာရီကျော်ကျော်လောက် ကားမောင်းအပြီးမှာ  ဆိုးလ်ကို ရောက်သည်။Kyungsooမှာထားသည့် အတိုင်း Kaiကို စာအုပ်ဆိုင်မှာ စောင့်နေခိုင်းလိုက်ပြီး ကားကို Kyungsooတိုက်ခန်းရဲ့ မနီးမဝေးမှာ ရပ်ထားလိုက်သည်။

Markအမဲနဲ့ ဦးထုပ် မဆောင်းချင်တဲ့ Kaiကိုလဲ Kyungsooနဲ့ ကိုင်ပေါက်ရသေးသည်။

"Kyungsoo ငါ Kaiကို ထားခဲ့ပြီနော်"

"အင်း အခု ထွက်ခဲ့ပြီ"

Kyungsooဆီဖုန်းဆက်ပြီးတာနဲ့ ဘေးက သိချင်နေတဲ့ မျက်လုံးနဲ့ အရင်  ရင်ဆိုင်ရတော့သည်။

"Kaiက ဘာလို့ ဟိုမှာထားခဲ့တာလဲ ပြီးတော့ ငါတို့ကရော ဘာလို့ ဒီမှာ ကားရပ်ထားတာလဲ Kyungsooဆီမသွားဘူးလား"

"အာ...အဲ့ဒါက ဟိုဟာ အာ.....Kyungsooပစ္စည်းတွေမှာထားတာ အဲ့စာအုပ်ဆိုင်မှာ အဲ့ဒါ သူတစ်ယောက်တည်း မနိုင်လို့ Kaiကို ထားခဲ့ပေးတာ.....Kyungsooလာမှ ကိုယ်တို့က ဝင်လို့ရမှာပေါ့ အဲ့ဒါကြောင့် ဒီမှာ စောင့်နေတာလေ"

မယုံချင် ယုံချင်နဲ့ ဆက်မမေးတော့တဲ့ Beakကြောင့် Chanyeolသက်ပြင်း ခိုးချလိုက်သည်။

တဖက်တွင်~~~~~

Kyungsooကားဖြင့် ထွက်လာပြီး Chanyeolဒယ်ဒီ လူတွေ ရှိနေတဲ့ နေရာနားမှာ ခဏရပ်လိုက်ပြီး ကားမှန်ချလိုက်သည်။

"Hello အင်းး အဲ့မှာဘဲနေ ငါလာခဲ့မယ် ဘယ်သူမှမမြင်အောင်လဲ နေအုံး မြင်တာနဲ့ မင်းကို သူတို့ ပြန်ခေါ်သွားကြမှာ သိတယ်မလား.....အေး အေး ငါအခုလာပြီ"

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာWhere stories live. Discover now