Ep.....6

127 19 2
                                    

Zawgyi

"မင်းရှာနေတဲ့ အိမ်က ဟို အရှေ့က အိမ်လေ"

"အော် ဒါဆို အထုတ်တွေ ပေးတော့ ကိုယ့်ဘာသာဘဲ သွားတော့မယ်"

Kyungsooတကယ် နားငြီးမခံနိုင်တော့ပေ။တစ်လမ်းလုံး Kim kaiဆိုသူက ပေါက်ပေါက်ဖောက်သလို စကားများလာတာ။မသိရင် သူနဲ့ ကိုယ်က နှစ်ပေါင်းများစွာသိနေတဲ့လူလိုဘဲ။ယောကျာ်းလေးဖြစ်ပြီး ဒီလောက်စကားများတာ ပထမဆုံးတွေ့ဖူးကခြင်းဘဲ။

"လာပါ အိမ်ထိလိုက်ပို့ပါမယ်  အားမနာပါနဲ့ ဟဲဟဲ"

အားမနာပါဘူးးးးးနားငြီးးလို့ပါ ဆိုပြီး Kyungsooစိတ်ထဲမှာ အော်လိုက်သည်။

"Park Chanyeol......Park Chanyeol....ဒီမှာမင်းဧည့်သည်"

Kim kai ဆိုသူ အော်ခေါ်လိုက်တော့ Chanyeolက အိမ်ထဲက ထွက်လာသည်။Kyungsoo အတော်ပင် အံသြမိသည်။Chanyeolက ဒီလို နေရာမှာနေတယ်တဲ့လား။
အပြင်ပိုင်းအနေနဲ့ပင် အိမ်လေးက အတော်သေးငယ်လှပြီ။

"Kyungsoo ဝင်လေ ......Kim Kai ကျေးဇူးတင်ပါတယ် Kyungsooကို လိုက်ပို့ပေးလို့ ..."

"ရပါတယ် ငါက ဒီရွာကလူဘဲ ဧည့်သည်တွေကို ကူညီရမှာပေါ့ ဒါနဲ့ ငါ့တို့က ရွယ်တူလောက်ဘဲမလား Beak ပြောတာတော့ မင်းက သူ့ထက်၂နှစ် ငယ်တယ်ဆို အဲ့တာမို့ Kaiလို့ဘဲ ခေါ်လေ "

"အာ အွန်း ငါ့ကိုလဲ Chanyeolလို့ဘဲခေါ်"

"Ok"

"အာ အင်း"

"ရားးးးးးအိမ်ထဲမဝင်တော့ဘူးလား ငါညောင်းနေပြီ"

Kyungsooအော်သံကြောင့် သူတို့နှစ်ယောက် မိတ်ဆက်ခြင်း ရပ်လိုက်ရသည်။

"အေးပါ Kyungsooရယ် Kai အိမ်ထဲ ဝင်အုံးလေ"

Kim Kaiဆိုသူကို အိမ်ထဲ ဖိတ်နေတဲ့ Chanyeolကြောင့် Kyungsoo စိတ်တိုလာသည်။ချီးမို့ ခေါ်နေတာလား.....အခုတောင် တော်တော်နားငြီးနေပြီကို.....

"မဝင်တော့ဘူး အလုပ်လေးရှိသေးလို့ ပြန်မယ်နော်
Kyungsoo ya.....ကိုယ်ပြန်ပြီနော်"

သူ့နာမည်ကို အရင်းတနှိးခေါ်ပြီး ခေါင်းလာပုတ်တဲ့ အမဲကောင်ကြောင့် Kyungsoo ဒေါသတို့ ငယ်ထိပ်ရောက်သွားသည်။Chanyeolက သိသည့်အလား သူ့ပခုံးကို လာဖက်သည်။တကယ်က ချုပ်ထားတာ.......

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာWhere stories live. Discover now