Ep....35

97 9 2
                                    

Zawgyi

ကားတိုက်မှုဖြစ်တဲ့သတင်းက ချက်ချင်း သတင်းရဲ့ ခေါင်းစည်းပိုင်းမှာပါလာသည်။ဘာကြောင့်လဲဆိုတော့ ကားက Parkစံအိမ်ရဲ့ ကားဖြစ်တာကြောင့် သတင်းပေါ် ချက်ချင်းရောက်သွားသည်။

"သေဆုံးသူရှိရှိမရှိနဲ့ ကားပေါ် ဘယ်သူတွေ ပါလာသလဲ ဆိုတာတော့ အတည်မပြုရသေးပါဘူးရှင့်"

Miheeဖုန်းထဲက သတင်းကို ကြည့်ပြီး ကျေနပ်သည့်အပြုံးမျိုး ပြုံးလိုက်သည်။ပြီးနောက် မျက်ရည်တွေ ညစ်ချကာ ရှေ့နေကြီးကို သတင်းပြလိုက်သည်။

"ဘယ်လိုလုပ်မလဲ ရှေ့နေ့ကြီး....အဟင့်....ဒီလာတဲ့ လမ်းမှာ ဖြစ်တာ ထင်တယ်....အဟင့်.....ကျွန်မ ဆေးရုံလိုက်သွားလိုက်အုံးမယ် Parkသခင်ကြီးသာ တခုခုဖြစ်ရင် အဟင့်"

မျက်ရည်အတုတွေ ကျပြပြီး ရှေ့နေကြီးကို ငိုပြနေသည်။

"သတင်းမှာတောင် ကားပေါ်ဘယ်သူပါလဲ မသိသေးလဲ မင်းကတော့ ငါတခုခုဖြစ်ရင် ဆိုပြီး ဘာကြောင့် ပြောနေတာလဲ!!!!"

Miheeငိုပြနေတုန်းရှိသေး တံခါးက ဝုန်းပနဲ ပွင့်လာပြီး Parkသခင်ကြီးဝင်လာသည်။ဘေးမှာလဲ Chanyeolနဲ့ Beakhyunပါ ပါလာသည်။

ဘာတွေဖြစ်ကုန်တာလဲ.....သတင်းမှာတောင် ကားက အတော်ပျက်စီးနေတာကို ကားထဲက လူတွေ ဘာမှ မဖြစ်တာက မဖြစ်နိုင်ဘူး.......

"ရှင်.....ရှင်တို့"

"အံသြသွားလား Mihee "

Chanyeolက ဝင်ပြောပြီး ခနဲ့သည်။Miheeလဲ အမူအရာပြန်ထိန်းပြီး

"ဘာမှမဖြစ်တာ တော်သေးတာပေါ့....Miheeစိတ်ပူနေတာ အဟင့်"

"အဟက်.....ရှေ့နေကြီး ကွာရှင်းဖို့ စပြီး လုပ်ပေးပါတော့"

ငိုယိုပြနေတဲ့ Miheeကို တချက်မှမကြည့်ဘဲ Parkသခင်ကြီး ရှေ့နေ့ကို စကားလှမ်းပြောလိုက်သည်။

Miheeဘာလုပ်ရမှနိး မသိတော့ပေ။သူ့အစီစဉ်တွေ ပျက်သွားပြီ.....သူဘာမှ မရတော့ဘဲ ကွာရှင်း ပေးရတော့မှာလား.....မရဘူး ....ဒီလို ဖြစ်လို့မရဘူး...

"ခဏလေး  နစ်နာကြေးကိစ္စကရော"

Mihee ပြောလိုက်တော့ Chanyeolက ရယ်သည်။

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာWhere stories live. Discover now