Ep.....17

114 14 4
                                    

Unicode

Beakhyun တင်းကြပ်းတဲ့ ခံစားချက်ကြောင့် နိုးလာသည်။ဒါပင်မယ့် သူ့ခန္ဓာကိုယ်က နည်းနည်းလေးမှ လှုပ်လို့မရပေ။တစ်ယောက်ယောက် ဖက်ထားတာကြောင့် နည်းနည်းလန့်သွားသည်။

ဘေးကို အတင်းစောင်းက ကြည့်လိုက်တော့မှ Yeolဖြစ်နေသည်ကြောင့် ရင်ထဲ ဝုန်းဒိုင်းကျဲသွားသည်။ဘယ်လိုဖြစ်လို့ Yeolက သူ့အခန်းထဲရောက်ပြီး သူ့ကို ဖက်အိပ်နေတာလဲ...

စဉ်းစားရင်း Yeolရဲ့ မျက်နှာ အစိတ်အပိုင်း တစ်ချင်းစီကို ကြည့်မိသည်။Yeolကလေ တစ်ခါတလေ စကားပြောရင် နှုတ်ခမ်းလေး ဆူထွက်လာတတ်သည်။ရယ်လိုက်ရင်လဲ ပါးချိုင့်ကြီးတွေက ထင်းနေတာဘဲ။မျက်လုံးပြူးတာလေးက အသဲယားဖို့ကောင်းလှသည်။နားရွက်ကားကားနဲ့မို့ ဉာဏ်ကောင်းတာ ထင်ရှားလှသည်။

မျက်နှာအစိတ်အပိုင်း တခုချင်းစီက သေသပ်ခန်းညားလွန်းသည်။ကလေးဆန်တဲ့ မျက်နှာမျိုးလဲ မဟုတ်ပေ။စိတ်အလိုမကျတိုင်း မျက်မှောင်ကြုတ်တတ်တာလေးကလဲ ယောကျာ်းဆန်နေပြန်ရော....ခြေတံရှည်ကြီးတွေကို ပိုင်ဆိုင်ထားတာမို့ သူနဲ့ဆို အရပ်က ကွာဟလှသည်။

Chanyeolရဲ့ မျက်နှာကိုကြည့်ရင်း ကြူးနေတုန်း လှုပ်ရှားလာတာကြောင့် Beakhyun ပြန်ပြီး အိပ်ချင်ယောင် ဆောင်လိုက်သည်။

Chanyeol တရေးအိပ်ပျော်သွားသည့်တိုင် မနိုးသေးတဲ့ Beakကို ကြည့်ပြီး ရယ်မိသည်။အအိပ်ပုတ်တဲ့ ကောင်လေးဘဲ။

အအေးဒဏ်ကြောင့် နီချင်နေတဲ့ နှာခေါင်းလုံးလုံးလေးကို Chanyeolကိုက်ချလိုက်သည်။

"အ့"

"နိုးပြီလား  "

Beakက နာသွားတဲ့ နှာခေါင်းကို ပွတ်ကာ ထထိုင်သည်။

"လူယုတ်မာကြီး နှာခေါင်းကို ကိုက်စရာလား နာလိုက်တာ "

"အဲ့လိုမှ မနိုးရင် Beakက ထဖို့ အစီအစဉ်မှ မရှိတာ"

"မင်းကို ဘယ်သူက နိုးခိုင်းလို့လဲ ငါ့အခန်းထဲ ဘယ်လိုရောက်နေတာလဲ"

"အဖွား လာနိုးခိုင်းတာလေ ပြီးတော့ မနေ့က ကိစ္စ Beakစိတ်ဆိုးမှာစိုးလို့ လာခဲ့တာ"

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာWhere stories live. Discover now