Numéro vingt-six

1.4K 325 251
                                    

Unicode

" အဲ့နေ့က အိုင်စိတ်တွေတအားရှုပ်နေခဲ့တာလေ။ သူက အိုင့်ကို အမြဲသဝန်တိုတယ်။ ယုံလည်းမယုံပေးဘူး။ ရန်တွေခဏခဏဖြစ်ပြီး ပြတ်မလိုတောင် ဖြစ်ခဲ့တဲ့အထိပဲ။ "

ဘေးမှာ ရပ်နေသည့် Louisကို ကြည့်ပြီး သူမက လေးလံသောအသံဖြင့် ပြောသည်။ Louisကတော့ သူမကို ကြည့်နေရုံသာ။ သူတို့၏ဘာသာစကားကို နားမလည်တာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

" Dantonက တကယ်ကောင်းတဲ့သူပါ။ ယူမို့လို့ သူ့ကိုအထင်လွဲရဲတယ်။ အိုင်တစ်ယောက်တည်း စိတ်ညစ်ညစ်နဲ့လုပ်ချင်ရာတွေ လျှောက်လုပ်နေမှာစိုးလို့ဆိုပြီး သေချာနားဝင်အောင် ပြောပြခဲ့ပြီး အိမ်ကိုပြန်လွှတ်ခဲ့တာ။ တကယ်တော့ အိုင်လည်း စိတ်ပင်ပန်းနေလို့ သူ့ရင်ခွင်ထဲမှာ ခဏလောက်ရင်ဖွင့်မိတာပါ။ "

Jungkook၏မျက်နှာက မျက်နှာသေဖြင့်။ သူမ၏ရှင်းပြချက်တွေကို လက်ခံတယ်လည်း မဟုတ်၊ ငြင်းဆိုတယ်လည်း မဟုတ်။ သူမကတော့ Jungkookကို တစ်ချက်စွေကြည့်ပြီး ဆက်ပြောသည်။

" တစ်ယောက်ပြီးတစ်ယောက်တွဲခဲ့မိတယ်။ Dantonကို မေ့လိုမေ့ငြားပေါ့။ ယူ သိပ်ကံကောင်းတာပါနော်။ Dantonလိုကောင်လေးမျိုးကို ပိုင်ဆိုင်ထားရတာ။ ဒေါသအိုးလေး ဆိုပေမယ့် ယူနဲ့ပတ်သက်ရင် အတတ်နိုင်ဆုံး နားလည်ပေးတဲ့သူပါ။ တကယ်မေ့အောင် ကြိုးစားခဲ့တာ ကိုယ့်ကိုယ်ကိုအသိဆုံးပဲ။ ရည်းစားများခဲ့တာသာ အဖက်တင်တယ်။ Dantonကို မမေ့နိုင်ခဲ့ဘူး။ တွဲခဲ့တဲ့ လေးငါးယောက်လောက်နဲ့လည်း တစ်ပတ်လောက်တောင် မကြာပါဘူး။ ပြတ်တာပဲ။ နောက်တော့ သူနဲ့ဆုံခဲ့တယ်။ "

သူတို့နှစ်ယောက်ကို ငြိမ်သက်စွာ ကြည့်နေဆဲဖြစ်သည့် Louisဆီသို့ သူမက မျက်စပစ်ပြသည်။

" သူက ဒီကိုခဏလာလည်ခဲ့တဲ့အချိန်မှာတွေ့ခဲ့တာ။ ခဏလေးဆိုပေမယ့် ရင်ခုန်ခဲ့တယ်။ သူ့ရဲ့ဂရုစိုက်ပေးမှုတွေကြားမှာ ပျော်ရွှင်ခဲ့ပြီး သူ့ကိုသံယောဇဉ်တွယ်မိသွားတယ်။ တဖြည်းဖြည်းနဲ့Dantonနဲ့ပတ်သက်ပြီး ခံစားချက်တွေတောင် လျော့သွားသလို ခံစားခဲ့ရတဲ့အထိပဲ။ ဒါပေမဲ့ အဲ့ကောင်က တကယ်မကောင်းဘူး ! "

IN THE HEART AND HALF Where stories live. Discover now