Numéro huit

1.6K 347 23
                                    

Unicode

" Jungkook "

တိုးလျသောခေါ်သံဆိုပေမယ့် Jungkookသည် ချက်ချင်းကြားလိုက်သည်။ ခေါင်းမှောက်ထားရာမှ မော့ကြည့်လိုက်တော့ သူ့ကိုကြောင်တောင်တောင်လေး ကြည့်နေသည့် Jiminနှင့်အကြည့်ချင်းဆုံသွားသည်။

" ဟင့်အင်း "

ရေသောက်ချင်လားဆိုသည့်အမူအယာဖြင့် မေးလာတာကြောင့် Jiminသည် ပျာယာခတ်နေသူအား ခေါင်းခါပြလိုက်သည်။

" ဒီကိုလာပါဦး "

ဘေးကိုပြန်လာရန်ပြောလိုက်တော့ ရေသွားယူဖို့ပြင်နေသည့် Jungkookသည် သူ့ဘေးသို့ပြန်ရောက်လာသည်။ Jimin စကားပြောမှာကို မစောင့်ဘဲ သူ့နဖူးကိုအရင်စမ်းကြည့်လိုက်သည်။ ပုံမှန်ကိုယ်အပူချိန်ကြောင့် Jungkookသည် စိတ်အေးသွားရသည်။

" ငါမေ့လဲသွားပြန်တာလား ? "

သူ ခေါင်းညိတ်ပြလိုက်သည်။ ခေါင်းညိတ်အပြီးမှာတော့ Jimin၏ခပ်ပြင်းချသံခပ်ယဲ့ယဲ့သာ ထွက်လာသည်။

"  အမေရော ? "

Jungkook သူ့လက်စွဲတော်စာအုပ်ကိုထုတ်လိုက်ပြီး ရေးလိုက်သည်။

|| အပြင်ထွက်သွားတယ်။ Minie အဖေထင်တယ်။ သူနဲ့အတူ ခဏထွက်သွားတာ။ ||

Minie ဆိုသည့်အသုံးအနှုန်းကြောင့် Jiminသည် ရယ်လည်းရယ်ချင်သည်။ တမျိုးလည်းဖြစ်မိသည်။ တကယ်ခေါ်လိမ့်မည်လို့ သူ,မထင်ထားခဲ့။ မိန်းကလေးနာမည်နဲ့တူနေသည် မဟုတ်ပါလား။ အဲ့တာကြောင့် နားထဲမှာ တမျိုးဖြစ်နေတာ။

Jungkook ကျတော့လည်း ဟန်းဂုအမည်တွေနှင့်ပတ်သက်ပြီး မသိတာကြောင့် သူသဘောကျရာကို သုံးနှုန်းမိတာဖြစ်သည်။ အဲ့တာကို သိနေလို့လည်း Jiminသည်ထိုသို့မခေါ်ရန် မတားမိ။ အခေါ်အဝေါ်က အဲ့လောက်လည်း အရေးမကြီးဘူးလို့သာ ဖြည့်တွေးလိုက်သည်။

ကုတင်ပေါ်မှာ ကျောမှီ၍ထိုင်နေရာမှထလိုက်တော့ Jungkookမှာမျက်လုံးပြူး၊မျက်ဆံပြူးဖြင့်။ သူ့လက်ကိုအတင်းလာဆွဲသည့် Jungkook ကိုစိုက်ကြည့်ပြီး Jiminသည်အော်ရယ်လိုက်မိ၏။ သူအော်ရယ်လေတော့ နားမလည်ရှာသည့်သူက ကြောင်တောင်တောင်လေးဖြစ်လို့။

IN THE HEART AND HALF Tahanan ng mga kuwento. Tumuklas ngayon