Numéro vingt-quatre

1.3K 298 162
                                    

Unicode

ဒူ ... ဒူ ... ဒူ

တဒူဒူဖြင့် တုန်ခါလာသည့် ဖုန်းကြောင့် ဘေးကသူကို လက်ခဏပြလိုက်ပြီး ဖုန်းကိုင်လိုက်သည်။

" ဟယ်လို အမေ "

" ဖုန်းကိုင်ဖော်ရသေးသားပဲ မောင်မင်းကြီးသား။ အမေတို့ကို ပစ်ထားတာနော်။ ကျောင်းစာတွေနဲ့ မအားတာသိပေမယ့် တစ်ပတ်တစ်ခါလောက်တော့ ဖုန်းဆက်လေ။ အခုဟာက တစ်ပတ်တစ်ခါတောင် ဖုန်းလည်းဆက်ဖော်မရဘူး။ နေနိုင်လိုက်တာ "

သည်ရက်ပိုင်း Projectတွေ၊ Assignmentတွေ ခဏခဏတင်ပြ၊ ခဏခဏထပ်နေရပြီး Tutorialတွေနဲ့လည်း ရှုပ်နေတာကြောင့် Mayaတို့ကိုရော Jungkookနဲ့ပါ Jiminသည် အဆက်အသွယ် သိပ်မလုပ်ဖြစ်။

Jungkookကလည်း စာဂျပိုးပီပီ သူ့ကျောင်းစာတွေနဲ့ ပတ်လည်ရိုက်နေတာကြောင့် အားမှဖုန်းဆက်သည်။ ဒါတောင် အရင်လိုအကြာကြီး မပြောဖြစ်ပေ။ အများဆုံး နာရီဝက်လောက်ပဲ။ တစ်ခါတလေဆို ငါးမိနစ်လောက်ပြောပြီး ချလိုက်ရသည်။ သူ အားတဲ့အချိန်ဆို Jungkookတို့ဆီမှာက ညဉ့်နက်နေပြီး၊ Jungkookအားတဲ့အချိန်ဆို သူက အိပ်ပျော်ရင်ပျော်၊ မပျော်လျှင် အတန်းတက်နေရတာကြောင့် အဆက်အသွယ်က ပြတ်တာတော့ မဟုတ်ပေမယ့် ပြတ်လုဆဲဆဲပေါ့။ ဒါပေမယ့်လည်း စကားပြောသည့်အခါကျ သူတို့ဆက်ဆံရေးဟာ အရင်လိုပဲ နွေးထွေးနေတုန်းပင်။

သည်ကြားထဲ စကားပြောဖြစ်သည့်အခါ သူ့အခန်းဖော် ခေါင်းနီဆိုသူအကြောင်း ပါသေးသည်။ ပြောနေကျအတိုင်း ဘယ်လောက်ညစ်ပတ်ကြောင်း၊ ဘယ်လောက်စပ်စုကြောင်းပေါ့။ အရင်လောက်တော့ အမြင်မကပ်တော့ကြောင်းနှင့် ၄င်းဘက်က အတင်းလာလာရော၊ မုန့်တွေလည်း လာလာကျွေးတာကြောင့် အနည်းငယ် ကြည့်လို့ရလာသည်ဟုဆိုသည်။ ညစ်ပတ်တာကိုတော့ သည်းမခံနိုင်ပေမယ့် စိတ်ရင်းလေးက မဆိုးပါဘူးဆိုတဲ့စိတ်နဲ့ ပေါင်းနေတာပါဆိုတာက လာသေးသည်။

" ကျွန်တော် ညမှပြန်ဆက်လိုက်မယ်နော်။ အခု အတန်းပြန်စတော့မှာမို့။ ညကျ အတိုးနဲ့အရင်းပေါင်းပြီး ချော့မှာမို့ စိတ်အရမ်းမကောက်ပါနဲ့ဦး။ များကြီးချစ်တယ် ! ကျွန်တော့်Mayaကို "

IN THE HEART AND HALF Where stories live. Discover now