Numéro quatre

1.8K 412 24
                                    

Unicode

" အဲ့တော့ အဲ့ကောင်လေးနာမည်က Ancilပေါ့ ဟုတ်လား "

Jiminသည် သူ့သူငယ်ချင်းအသစ်စက်စက်ကလေး၏ သူသိခဲ့သောအကြောင်းတို့ကို သူ၏အမေအား တစ်လုံးမချန်ပြန်ပြောပြနေသည်။ သူမသည် ပန်းအိုးအသေးစားထဲသို့ ပန်းလှလှလေးတွေ ဆင်ရင်း သူမသား၏စကားတို့ကို တစ်လုံးမကျန်နားထောင်ပေးနေလေသည်။

ဆန်းဝစ်ခ်ျကို တစ်ကိုက်,ကိုက်လိုက်ပြီး Jiminသည် ခေါင်းညိတ်ပြလိုက်ကာ ဘေးမှစပျစ်ဖျော်ရည်ကိုတစ်ငုံသောက်လိုက်သည်။

" ဒါပေမဲ့ ကျွန်တော်ကသူ့ကို ဟန်းဂုလိုနာမည်ပေးလိုက်တယ်လေ။ သူကလည်း အဲ့နာမည်ကိုတအားသဘောကျနေတာ။ "

ပန်းအလှဆင်တာကို ခဏရပ်လိုက်ပြီး သူမ၏သားဖြစ်သူအနားသို့ လျှောက်လာလိုက်သည်။

" ပြောပါဦး၊ ဘယ်လိုလေးပေးလိုက်တာလဲဆိုတာ "

Jiminက သူ့မျက်လုံးအပြုံးလေးပြုံးပြကာဖြင့်

" Jungkookလို့ပေးလိုက်တယ်။ လှတယ်မလား maman ? "

ပျော်နေပုံရသည့်Jiminကိုကြည့်ပြီး သူမလည်းလိုက်၍ပြုံးမိသည်။ ပါးစပ်နားမှာ ပေကျံနေသည့်မုန့်အစအနတို့ကို လက်မဖြင့်သုတ်ပေးလိုက်တော့ ထိုအခြင်းအရာကို Jiminက သဘောမကျသလိုပြုမူလေသည်။

" ကလေးမဟုတ်တော့ပါဘူးဆိုဗျာ ! "

ချစ်စရာအပြုအမူလေးကြောင့် သူမသည် ခပ်ဟဟရယ်လိုက်သည်။ သူမရယ်သံကြောင့် စားလက်စ,မုန့်ကိုချလိုက်ပြီး ဆူပုတ်ပုတ်လေးထိုင်နေသောJiminသည် သူမ၏မျက်လုံးထဲတွင် မြတ်နိုးဖွယ်ရာရတနာလေးကဲ့သို့ အဖိုးတန်လွန်းလှသည်။

ခေါင်းလုံးလုံးလေးပေါ်သို့ သူမ၏မေးတင်လိုက်ပြီး ထိုမေးဖျားဖြင့်ခေါင်းလုံးလေးအား ပွတ်သပ်လိုက်သည်။ စိတ်ဆိုးချင်ယောင်ဆောင်နေသောသူမ၏ချစ်စဖွယ်သားငယ်သည်လည်း သခင်၏ပွတ်သပ်ပေးမှုကြောင့်ဇိမ်ခံနေသည့်ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ သဘောတကျဖြင့် မျက်လုံးတွေကိုမှိတ်ကာ ဇိမ်ခံနေလေသည်။

" မေ့သားလေးက ကြောင်ပေါက်လေးကျနေရောပဲ "

သူမ၏စကားကိုသဘောကျပြီး Jiminသည်ရယ်၏။ သူ့ခေါင်းပေါ်မှတင်ထားသည့်မေးပြန်ဖယ်သွားသောသူ့အမေကိုကြည့်ပြီး မပြီးပြတ်သေးသည်သူ့ငယ်ချင်းအသစ်လေးအကြောင်းကို ဆက်ပြောရန်ဟန်ပြင်လိုက်သည်။

IN THE HEART AND HALF Where stories live. Discover now