Numéro seize

1.4K 346 134
                                    

Unicode

" သောက်ရမ်းတော်လွန်းနေပါသောပဲ "

ကျေနပ်ပီတိဖြာပြီး မျက်နှာကို မော်ပြီးပြောနေသည်မှာ ပန်းချီပြိုင်ပွဲတွင် ပထမဆုရသွားသော Jungkook မဟုတ်။ သူ့အတွက် ပီတိတွေဖြာပေးနေသော Jiminသာဖြစ်သည်။ ကာယကံရှင်ထက် ပို၍ကျေနပ်နေသည့် သူကိုကြည့်ကာ Jungkookသည် ပြုံးမိသည်။ သူ့သူငယ်ချင်းက သူနှင့်ပတ်သက်လာလျှင် ဘာမဆို အမြဲဂုဏ်ယူပေးတတ်တာ သူ့အတွက် အထူးတလည် မဟုတ်တော့။ နေသားကျနေပြီလို့တောင် ပြောလို့ရနေပြီလေ။

" ဟိတ် ! ပထမဆုရသွားတာ ဂုဏ်ယူပါတယ်နော်။ "

နှစ်ယောက်တည်း သီးခြားဖြစ်နေလေ့ရှိသည့် သူတို့ဆီသို့ ရောက်လာသည့် ခြေသံသွယ်သွယ်၊ အရပ်ခပ်မြင့်မြင့်နှင့် ဖြူ ဖွေးသော အသားအရည်ပိုင်ရှင်ကောင်မလေးက ပါတီမှာ တွေ့ခဲ့သည့်ကောင်မလေးမှန်း Jiminက သတိထားမိသည်။ Jungkookကတော့ တစ်ခန်းတည်း ဖြစ်နေလျှင်တောင် သတိထားမိမည်မဟုတ်။ တွေ့ပါများတော့မှသာ ပါတီမှာ တွေ့ခဲ့သည်မှန်း အနည်းအကျဉ်းလောက်သာ မှတ်မိသည်လေ။

နောက်ဆုံးနှစ် ပြန်ဖွင့်ကတည်းက ကောင်မလေး၏မျက်လုံးတွေသည် Jungkookဆီကနေ ခွာကိုမခွာတာပင်။ သူမသည် Jungkookကို သဘောကျသည်။ ကြိုက်သည်။ သူနှင့်တွဲချင်သည်။ ဤသည်ကိုလည်း Jungkookရော ကျန်သည့်အပေါင်းအပါများလည်း သိပါသည်။ ပွင့်လင်းလွန်းသည့်သူမကတော့ Jungkookကို ရေလာမြောင်းပေး လုပ်နေတုန်းပါပင်။

" ကျေးဇူးတင်ပါတယ် "

သူစိမ်းဆန်သည့် တုံ့ပြန်မှုကြောင့် ကောင်မလေးက ခပ်ဟဟ ရယ်သည်။ Jiminကတော့ ရယ်နေသည့် ကောင်မလေးကို စိုက်ကြည့်လို့သာနေသည်။ ကောင်မလေးက တကယ်ကို လှပါသည်။ မျက်နှာရော၊ ခန္ဓာကိုယ်ရော အပြစ်ဆိုစရာ မရှိ။

ရယ်နေရင်း ကောင်မလေး၏မျက်လုံးတွေက သူမကို ငေးစိုက်ကြည့်နေသည့် Jiminဆီသို့ ဦးတည်လာ၏။ တစ်ချက်ပြုံးလိုက်ပြီး Jimin၏ဘေးတွင် ကပ်ထိုင်လိုက်သည်။

" သူငယ်ချင်းလုပ်မလား Danton ? "

သူ့နာမည်ကို သိနေလိမ့်မည်ဟု မထင်ထားတာကြောင့် Jiminသည် မျက်လုံးကလေး ပြူးသွား၏။ ထိုအမူအရာလေးကြောင့် ကောင်မလေးသည် သဘောကျစွာ ထပ်ရယ်လေသည်။ သွားတက်ကလေးတွေက ထင်းလို့။

IN THE HEART AND HALF Where stories live. Discover now