Numéro deux

3.2K 432 14
                                    

Unicode

" စားလေ Danton "

သူ့မျက်စိရှေ့က အစားအသောက်ကိုသူအံ့သြသဖွယ်ကြည့်နေမိတော့ Jemondက စားရန်လှမ်းပြောလာသည်။ သူသည် သူ့အမေကိုကြည့်လိုက်ပြီး မေးလိုက်သည်။

" ဒါကဘာလဲ maman ? "

အာလူးကိုပေါင်းပြီးကြိတ်ထားကာ ပန်းကန်ထဲတွင် လှလှပပလေးပုံထားသည်။ အာလုံးဘေးတွင်တော့ အမဲသားကိုခရမ်းချဉ်သီးနဲ့အရသာရှိဖွယ်ချက်ထားကာ အာလူးပေါင်းနှင့်ထိုအမဲသားတို့၏အပေါ်ယံတွင် ထပ်မံ၍ဟင်းရည်အနှစ်ကို လောင်းထားသည်။ ပုံပန်းသဏ္ဍာန်ကတော့ လှပေမယ့် သူ့အတွက်ကတော့ အထူးအဆန်းလိုဖြစ်နေ၏။

Mayaက တစ်ချက်ပြုံးလိုက်ပြီး

" ဒါကို Swiss Steakလို့ခေါ်တယ်။ Mamanတို့ ကိုရီးယားမှာစားတဲ့Steakသိတယ်မလား။ အဲ့လိုမျိုးကိုမှ အာလူးပေါင်း (ဒါမှမဟုတ်) ထမင်းနဲ့တွဲစားကြတာ။ ပြီးတော့ ဒီ steakကိုကျ ဟင်းအနှစ်လိုမျိုးရအောင် ခရမ်းချဉ်သီးနဲ့ချက်ထားတာ။ စားကြည့် အရသာရှိတယ်။ "

သူမကပြောရင်း သူ့ပန်းကန်ထဲက ဟင်းတစ်တုံးနဲ့အာလူးအနည်းငယ်ကိုခပ်လိုက်ကာ သူ့အားခွံ့ကျွေးလိုက်သည်။ တွန့်ဆုတ်တွန့်ဆုတ်ဖြင့်စားလိုက်ပြီးနောက် ထိုအရသာကိုသဘောကျသွားသည်ထင်၏။ သူ့ဘာသာသူ ဖြည်းဖြည်းချင်း စားနေတာကိုတွေ့ရသည်။ သားငယ်ကိုကြည့်ရင်း သူမပြုံးကာ မကုန်သေးသောပန်းကန်ထဲက အစားအစာတို့ကိုပြန်စားလိုက်သည်။

" ဒီနေ့ညတော့အထူးတလည် ပစ္စည်းတွေမရှိလို့ အဆင်ပြေလောက်မယ်ထင်တာလေး ချက်ထားလိုက်တာ။ အဆင်ပြေကြတယ်မလား ? "

အစားစားတာမြန်သည့် Jemondက အရင်ဦးဆုံးကုန်သွားသဖြင့် ပါးစပ်ကိုလက်ကိုင်ပုဝါဖြင့်သုတ်ကာ စကားစတင်ဆိုလာလေသည်။ သူ့စကားကိုကြားတော့ Mayaက

" မဟုတ်တာ၊ ဒါကလည်းတော်တော်ကောင်းတဲ့ညစာပါပဲ။ ဒါချက်ဖို့အတွက် ပါဝင်ပစ္စည်းတွေအများကြီးလိုတာပဲလေ။ "

ဆယ်နှစ်လောက် Switzerlandမြေနဲ့ဝေးကွာသွားသော်လည်း သည်နိုင်ငံ၏အစားအသောက်၊ဓလေ့၊ဝန်းကျင်အလှအပတို့ကို သူမသည်မမေ့ပါ။ ဤအခြင်းအရာကြောင့် Jemondသည် ကျေနပ်သွားဟန်ရှိသည်။

IN THE HEART AND HALF Tempat cerita menjadi hidup. Temukan sekarang