Numéro sept

1.7K 360 23
                                    

Unicode

" ပြင်ဆင်လို့မပြီးသေးဘူးလား Dantonရေ။ မင်းသူငယ်ချင်းတောင်ရောက်နေပြီ။ "

အခန်းအပြင်မှလှမ်းအော်လာသည့်သူ့အမေကြောင့် မှန်ကြည့်နေရတာကိုရပ်ပြီး လွယ်နေကျလွယ်အိတ်လေးကိုကောက်လွယ်ကာ အပြေးထွက်လာသည်။ သူ့အားပြုံးပြီးကြည့်နေသည့်Jungkookနှင့် လက်ပိုက်ကာကြည့်နေသည့်Mayaကို သွားဖြီးပြလိုက်သည်။

သူ့ကိုပြုံးပြနေသည့်Jungkookသည် အတော်လေးချစ်စရာကောင်းနေသည်။ ယမန်နေ့များထက် ပို၍ပြင်ဆင်ထားလို့လားမသိ။ မြင်တွေ့နေကျပုံစံမျိုးလေးမဟုတ်ဘဲ လူပျိုပေါက်လေးမှလူပျိုပေါက်လေး။ အဖြူ ရောင်စွပ်ကျယ်အပေါ်တွင် လက်ရှည်တီရှပ်အပြာနုပြောင်ကို ကြယ်သီးမတပ်ဘဲဝတ်ဆင်ထားသည်။ လက်ကိုအနည်းငယ်ခေါက်ထားပြီး ဂျင်းဘောင်းဘီအဖြူ ကိုဝတ်ထားသည့်သူက ကလေးပေါက်လေး မဟုတ်တော့ဘူးဆိုတာကိုသက်သေပြနေသလို။

Jiminကတော့ အစိမ်းနုရောင်Hoodieနှင့် ဒူးအောက်ဘောင်းဘီအတိုကိုသာ ဝတ်ထားသည်။ လည်ပင်းမှာလည်း Ear phoneနဲ့။ ဒါကတော့သူအပြင်သွားလျှင် ဝတ်နေကျပုံစံပဲပေါ့။

" ဘာကြည့်တာလဲ ပြောင်ချင်တာလား လှောင်ချင်တာလား ? "

မမှိတ်မသုန်ကြည့်လျက်မေးလာသည့်Jiminကြောင့် Jungkookကြောင်သွား၏။

" ဘာလို့သူများတကာကိုရန်စနေရတာတုန်း ? "

Mayaက ပြုံးလျက်ပြောတော့ Jiminကနှာမှုတ်ပြီး တခြားဘက်သို့မျက်နှာလှည့်သွားသည်။ အမှန်တော့သူ့ကိုစိုက်ကြည့်နေတာကြောင့် ပြောလိုက်ခြင်းပင်။ ကြည့်ကောင်းနေသည့်Jungkookကြောင့် သူ့ကိုယ်သူ ကြည့်မကောင်းဘူးဟုခံစားသွားရသည့်Jiminက အကြောင်းမဲ့ငေါက်လိုက်တာဆိုပိုမှန်သည်။ ကြည့်ကောင်းလို့သူ့ကိုကြည့်နေသည်ဆိုတာကိုတော့ သူ,မသိပါလေ။

" Lauterbrunnenကိုသွားဖို့လက်မှတ်သုံးစောင်ပေးပါ။ "

Wengenက ဘူတာရုံမှာ ရထားလာမည့်အချိန်ကို သူတို့သုံးယောက်ထိုင်စောင့်နေကြသည်။ ပထမဆုံးအပြင်သွားကြမည့်နေ့မှာ သွားမည့်နေရာကို ရွေးချယ်ကြရာတွင်Wengenနှင့်အနီးဆုံးကိုသာ ရွေးလိုက်ကြသည်။ နောက်နေ့တွေမှ တဖြည်းဖြည်းတခြားနေရာတွေကိုထပ်လည်ကြဖို့ သူတို့တိုင်ပင်ထားကြသည်။ နေပြန်ကောင်းခါစ Jungkookလည်းပါတာကြောင့် ခရီးပန်းသွားမှာစိုးလို့ Lauterbrunnen ကိုပဲသွားရန် သူတို့ဆုံးဖြတ်လိုက်ဖြစ်ကြသည်။

IN THE HEART AND HALF Where stories live. Discover now