Numéro cinq

1.7K 431 22
                                    

Unicode

" မဟုတ်သေးဘူးလေ ! အားရှ် ... ငါဘယ်လိုပြောရမလဲမသိတော့ဘူး။ "

မနက်စောစောစီးစီး Jiminနဲ့Jungkookတို့ အလုပ်ရှုပ်နေကြသည်။ တခြားတော့မဟုတ်။ စက်ဘီးစီးကျွမ်းကျင်ဆရာကြီး Jiminက စက်ဘီးမစီးတတ်သည့် Jungkookကို စက်ဘီးစီးသင်ပေးနေခြင်းပင်။ နဂိုကတည်းက စိတ်တစက်ကလေးမှမရှည်သူမို့ အခုလည်းမရည်ရွယ်ဘဲ Jungkookကိုအော်နေမိပြီ။

" ဒီမှာဒီလောက် စက်ဘီးစီးလို့ကောင်းတာ။ မင်း စက်ဘီးမစီးတတ်ဘူးဆိုတာ ငါယုံတောင်မယုံနိုင်ဘူး Jungkookရေ "

နားထင်နားက ဟိုတစက်သည်တစက်ပြန့်ကျဲနေသည့် ချွေးစတို့ကိုသုတ်လျက် Jiminသည် မအီမလည်ပုံစံဖြင့်ပြောလာသည်။ တကယ်တော့ သူလျှာရှည်မိတာပါ။ မစီးတတ်ရကောင်းလားဆိုပြီး သင်ပေးဖို့တွေးလိုက်မိတာ။ မအူမလည်မျက်နှာဘေးလေးဖြင့် ဒူးခေါင်းလေးကိုအုပ်ကိုင်ကာ သူ့အားကြည့်နေသည့်Jungkookကိုကြည့်လိုက်မိတော့ စိတ်ထဲလည်းမကောင်း။ စက်ဘီးကတော့ ငုတ်တုတ်လေးထိုင်နေသည့် Jungkook၏ဘေးတွင် လဲကျနေ၏။ သင်ပေးမိသည့်သူ့ကိုယ်သူလည်း မကျေနပ်ပေ။

Jimin၏စိတ်ရာသီဥတု မကောင်းမှန်းသိတာကြောင့် Jungkookသည်လည်း လဲနေရာမှမထဘဲ ထိုင်နေမိသည်။ သူနဲ့Jiminခင်တာ ရက်ပိုင်းပဲရှိသေးသည်ဆိုပေမယ့် တစ်ယောက်အကြောင်းတစ်ယောက်၊တစ်ယောက်စိတ်တစ်ယောက်ကိုတော့ မဆိုသလောက်လေး သိကြပါသည်။ အခုလည်း အမှန်တော့သူ စက်ဘီးစီးမသင်ချင်ပေမယ့် သင်ပေးမည့်သူက တက်ကြွလွန်းနေတာကြောင့် သူခေါင်းညိတ်လိုက်မိတာဖြစ်သည်။

Jungkookသည် စက်ဘီးစီးရတာ လုံးဝမကြိုက်ပါ။ စက်ဘီးကိုနင်းလိုက်တိုင်း သူ့ခေါင်းတစ်ခုလုံးချာချာလည်လာပြီး အမြဲပြုတ်ကျတတ်သည်။ Jiminက မသိသည်မို့သင်ပေးရန်တက်ကြွနေသည်ကိုလည်း သူသိပါသည်။ Jiminစိတ်မကောင်းဖြစ်မှာစိုးလို့သာ သူ,မပြောဘဲ ကြိတ်မှိတ်ကာ သင်နေခြင်းဖြစ်၏။

မျက်နှာလေးရှုံ့မဲ့ကာ လဲကျနေရာမှမထဘဲ ပေတေနေသည့်ကောင်လေးကိုကြည့်လျက် Jiminသည် သူ့ဆံပင်တွေသူဖွပစ်လိုက်ပြီး ထိုကောင်လေးနားသို့လျှောက်သွားလိုက်သည်။ ထို့နောက် လက်ဖြင့်အုပ်ထားသည့်ကောင်လေး၏ဒူးအခြေအနေကိုကြည့်ရန် လက်ကိုအတင်းဖယ်ပစ်လိုက်သည်။

IN THE HEART AND HALF Where stories live. Discover now