Numéro vingt-trois

1.3K 321 151
                                    

Unicode

" အဲ့တော့ အခန်းဖော်က ညစ်ပတ်အိုးလေးပေါ့၊ ဟုတ်လား ... ဟားဟား "

" မနောက်နဲ့၊ ငါတကယ်စိတ်ညစ်နေတာ။ ဘယ့်နှယ့်ကွာ အဝတ်အစားတွေဆိုလည်း မလျှော်ဘဲ ဘယ်နှရက်တောင် ဝတ်ထားသလဲမသိဘူး။ သုံးရက်တိတိရှိပြီ သူ့ကို အဲ့တီရှပ်အမည်းနဲ့တွေ့ရတာ။ ဒီနေ့ထိလည်း လဲမယ့်ပုံမရဘူး။ "

" ဟားဟား ! အသန့်အပြန့်ကြိုက်လွန်းတဲ့ Jungkookတို့နဲ့တွေ့ပြီပေါ့။ ဒါနဲ့ အဲ့ညစ်ပတ်အိုးလေးက အချောလေးပဲလား။ "

နဂိုကတည်းက အလိုမကျဖြစ်နေပါတယ်ဆိုသည့် Jungkook၏မျက်နှာသည် ပိုပို၍ဆူပုတ်သွားပါတော့သည်။ ဟွန်းခနဲ နှာမှုတ်လိုက်သည့်သူကို ကြည့်ကာ Jiminသည် ကြိတ်ရယ်မိသည်။ ဖုန်းကိုလက်နဲ့ကိုင်ထားတာကြောင့် လက်ညောင်းလာသလိုရှိလာသည်။ ကုတင်ပေါ်သို့ တက်သွားလိုက်ပြီး ကုတင်ခေါင်းရင်းမှာ ထောင်ထားလိုက်ကာ သူလည်း မှောက်လျက်လေး မေးထောက်နေလိုက်သည်။

ကောက်စိန်ကတော့ အခုထိဘာမှမပြောဘဲ ကြည့်နေတုန်း။

" ကောက်မနေနဲ့၊ ချောလားလို့မေးတာ ကောက်စရာလား ? "

" သြော်၊ ကိုယ့်ကောင်လေးက တခြားသူရဲ့ချောလား ရုပ်ဆိုးလား အဲ့လိုအကြောင်းတွေ မေးတာကို ငါက ပျော်ပျော်ကြီး ပြုံးပြနေရမှာလား။ ပြီးတော့ ဘာညစ်ပတ်အိုးလေးလဲ။ ညစ်ပတ်အိုးကြီး ! အဲ့တစ်ယောက်က အသေညစ်ပတ်တာနော်။ ငါ့လို သန့်ရှင်းသပ်ရပ်ပြီး ပြီးပြည့်စုံတဲ့ကောင်လေးကို ပိုင်ဆိုင်ထားတာနဲ့တင် မင်းရဲ့ဘဝကြီးက ကောင်းကင်ကြီးတစ်ခုလုံးကို အပိုင်စားရထားသလိုဖြစ်နေပါပြီ Jimin Fortinရယ်။ "

ကြားလေ့ကြားထ မရှိသည့် အထူးအဆန်းစကားတွေကြောင့် Jiminသည် နှာခေါင်းရှုံ့မိသည်။

ဘာတဲ့ ... ကောင်းကင်ကြီးတစ်ခုလုံးကို အပိုင်စားရသလိုပါပဲတဲ့။ ပြောလည်းပြောတတ်တဲ့ အာ့ဂုပါလေ။ သည်လိုစကားတွေနဲ့ဘယ်သူတွေကို ချုပ်ဦးမလဲမပြောတတ်။

" အဲ့ကောင်းကင်ကြီးကို ရထားတော့ရော ဘာလုပ်ရမှာလဲ။ မုန့်လည်းစားလို့မရ၊ ပိုက်ဆံလည်းမဝင်ဘဲနဲ့များ။ Jungkookနော် အဲ့ရောက်သွားတာ တစ်လတောင်မပြည့်သေးဘူး။ စကားတွေတော်တော်တတ်နေတာပဲ။ အဲ့စကားလုံးတွေနဲ့ ကောင်မလေးဘယ်နှယောက်ကို အပီအပြင် ချုပ်ပြီးပြီလဲပြော ! "

IN THE HEART AND HALF Where stories live. Discover now